DVB Logo
Home
အာရှဒေသ
ပါကစ္စတန် စ၀တ်တောင်ကြားကို ခြိမ်းခြောက်လာနေတဲ့ သွေးလွန်တုပ်ကွေး
DVB
·
October 9, 2013
ပါကစ္စတန် စ၀တ်တောင်ကြားကို ခြိမ်းခြောက်လာနေတဲ့ သွေးလွန်တုပ်ကွေး
Donate to DVB

ပါကစ္စတန်အာဏာပိုင်တွေက စ၀တ်တောင်ကြားဒေသမှာ သွေးလွန်တုပ်ကွေး ရောဂါတွေ ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ကျန်းမာရေးဆိုင်ရာ အရေးပေါ်ကြေညာချက်တခုကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဗိုင်းရပ်ပိုးက ၀ပ်နေတဲ့ရေတွေထဲမှာ ပေါက်ပွားလာတဲ့ ခြင်တွေကြောင့် ဖြစ်ရတာပါ။ ဩဂုတ်လကတည်းက လူကို သေစေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် လူ ၆၀၀၀ ကျော် ရောဂါကူးစက် ဖြစ်ပွားခဲ့ပါတယ်။

ရိုဟိုက်ဘ်ခန်ရဲ့မိန်းမ အသုဘမှာတော့ လူတွေက သူက ငယ်ရွယ်သေးတဲ့အတွက် သိပ်မ ကြာခင်ပြန်ပြီး လက်ထပ်သင့်တယ်လို့ သူကို ကပ်ပြီးပြောနေကြပါတယ်။ သူ့မိန်းမက သွေးလွန်တုပ်ကွေးရောဂါနဲ့ ဆုံးသွားခဲ့တာပါ။

ရိုဟိုက်ဘ်ခန်က “တော်တော်ကြီး ကြိုးစားပြီးတော့မှ ကျနော်တို့ ဆေးရုံက လူသွားလမ်းပေါ်မှာ ကုတင်တလုံး ရခဲ့ပါတယ်။ ကျနော်က ကျနော်မိန်းမကို ပြုစုကုသပေးဖို့ ဆရာဝန်တယောက် ရှာဖို့ ကြိုးစားခဲ့ပါတယ်။ ကျနော်တို့ သူ့ကို တခြားဆေးရုံ ခေါ်သွားခဲ့ပါတယ်။ ကျနော့်မိန်းမကို ကုလို့ ရဦးမယ်လို့ ထင်ခဲ့တာပေါ့ဗျာ။ ဒါပေမယ့် သူက ညသန်းခေါင်လောက်မှာ ဆုံးသွားခဲ့ပါတယ်” လို့ ပြောပါတယ်။

သူ့မိန်းမက ၅ နှစ်သမီး အာဖီယာနဲ့ ၁၄ လ သမီး ဟူဒါရိုဟိုက်လို့ ခေါ်တဲ့ သမီး ၂ ယောက်
ထားခဲ့ပါတယ်။ ဟူဒါကလည်း သွေးလွန်တုပ်ကွေး ဖြစ်နေပါတယ်။

ဟူဒါရိုဟိုက်က သူ အပြင်ထွက်တာနဲ့ ငိုပါတယ်။ အာဖီယာကတော့ သူအိမ်မှာ ရှိနေချိန်ဆိုရင် သူအဖေပေါင်ပေါ်မှာ အမြဲ ပဲ ထိုင်နေတတ်ပါတယ်။

“ကျနော်မိန်းမကို ဆုံးရှုံလိုက်ရတာဟာ ကျနော်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ဒါပေမယ့် လူသားတွေက ကူညီသူမဲ့ဖြစ်ပြီး ဘုရားသခင်အလိုတော်အရကလွဲလို့ ဘာမှမလုပ်နိုင်ဘူးလို့ ကျနော် ယုံကြည်ပါတယ်။ ဆေးဝါး ပြုစုကုသမှုရတာဟာ ကျနော်တို့အတွက် စိတ်သက်သာ ကျေနပ်ဖို့လောက်ပါပဲဗျာ။”

သွေးလွန်တုပ်ကွေးရောဂါ ကုသမှုခံပြီး မကြာခင်ကမှ ဆေးရုံက ဆင်းလာတဲ့ အမီးရတ် အလီဘာဟန်ခေးလ်က ရိုဟိုက်ဘ်ခန်ရဲ့ ၀မ်းကွဲတော်သူပါ။

[caption id="attachment_44564" align="alignleft" width="300" caption="ပါကစ္စတန်နိုင်ငံ Mingora မြို့ ဆေးရုံပေါ်တွင် တွေ့ရသည့် သွေးလွန်တုပ်ကွေး ကူးစက်ခံရသူများ (ဓာတ်ပုံ - အေအက်ဖ်ပီ)"][/caption]

အမီးရတ် အလီဘာဟန်ခေးလ်က “ကျနော်တို့ နေ့တိုင်း အကုသိုလ်တွေ ကျူးလွန်နေကြပါတယ်။ ကျနော်တို့မှာ အကုသိုလ်တွေနဲ့ ပြည့်နေတာပေါ့ဗျာ။ ဈေးနှုန်းတွေ ငွေကြေးဖောင်းပွနေသလိုပေါ့။ တရားမျှတမှုက မရှိ လူတွေက တယောက်ကို တယောက် ရက်စက်နေကြတော့ ဘုရားသခင်က သွေးလွန်တုပ် ကွေးပုံစံနဲ့ သူရဲ့ ကျိန်စာ ချမှတ်ပေးလိုက်တာပါပဲ။” ဒါကတော့ ဒီမှာ အများစု မြင်နေတဲ့ အမြင်ပါ။

ဒါပေမယ့် အာဏာပိုင်တွေနဲ့ သိပ္ပံပညာရှင်တွေကတော့ တာယာကူးသန်းရောင်းဝယ်မှုကို အပြစ်တင်ရမယ်လို့ ပြောနေကြပါတယ်။

ဒီလိုထင်ရတာကတော့ လာဟိုးမြို့ကလာတဲ့ တာယာအဟောင်းတွေထဲမှာ ပါလာတဲ့ ရေတွေထဲမှာ ခြင်ပိုးလောက်လန်းတွေ ပါလာတယ်လို့ ထင်ခဲ့ကြလို့ပါပဲ။

၂၀၁၁ ခုနှစ် စက်တင်ဘာမှာ လာဟိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ သွေးလွန်တုပ်ကွေးရောဂါကြောင့် လူပေါင်း ၃၆၂ ယောက် သေဆုံးခဲ့ပြီး လူ ၂၀၀၀၀ ကျော် ကူးစက် ဖြစ်ပွားခဲ့ပါတယ်။

စေတနာ့ဝန်ထမ်းတယောက်က ဆ၀တ်တောင်ကြားက အဓိက မြို့ကြီးတခုမှာ အခမဲ့ ဆေးဝါးကုသခွင့်နဲ့ ရောဂါကူးစက်ပြန့်ပွားမှုကို ဒေါသတကြီး စတင် ကန့်ကွက် ပြောဆိုခဲ့ပါတယ်။

ခေါင်ဆာနဲ့ သူယောက်ျားက နွေရာသီမှာဆို အိမ်ပြင်ဟင်းလင်းမှာပဲ ထွက်အိပ်လေ့ ရှိပါတယ်။ သူတို့တွေမှာ သွေးလွန်တုပ်ကွေး ဖြစ်နေကြပြီး ၂ ယောက်စလုံး ၁ ပတ်လောက် ဆေးရုံတက်ခဲ့ကြရပါတယ်။

ခေါင်ဆာက “ကျမမှာ ကလေး ၃ ယောက်ရှိပါတယ်။ ဘုရားသခင်ကတော့ ကျမ ကလေးတွေကို ထောက်ပံ့ကူညီနိုင်ဖို့ အခွင့်အလမ်းပေးမှာပါ။ ဘာလို့လဲဆိုတော့ ကျမသေသွားရင် သူတို့ကို ကြည့်ရှုစောင့်ရှောက်မယ့်သူ ဘယ်သူမှ ရှိမှာမဟုတ်တော့ပါဘူး” လို့ ပြောပါတယ်။

ဒါပေမယ့် အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ရာမက်ဘီဘီကတော့ သိပ်ကံမကောင်းရှာပါဘူး။ မိသားစုက သူ့ကို ဆေးရုံခေါ်သွားတဲ့ အချိန်မှာတော့ ဆရာဝန်က သိပ်နောက်ကျသွားခဲ့ပါပြီလို့ ပြောပါတယ်။

ဆေးရုံတက်ခဲ့ရတဲ့ လူနာတွေ အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းက ယောက်ျားတွေပါ။ အမျိုးသမီးတွေက ကူးစက်ခံရမှု အနည်းဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ ခန္ဓာကိုယ်တခုလုံးကို လုံအောင်ဖုံးထားတာလို့ ပြောကြပါတယ်။

ဒါပေမယ့် အဲဒီလို ဖြစ်တဲ့အတွက်ပဲ အမျိုးသမီးတွေကို သူတို့က ဆေးရုံမှာ တက်ရောက် ကုသခံခွင့်မပြုတာလည်း ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဆေးရုံကနေ ဆင်းခဲ့တဲ့ ဟိုတယ်တခုရဲ့ မန်နေဂျာ ယာဆာအလီက ဆေးရုံပေါ်မှာ ကုသခံနေရဆဲဖြစ်တဲ့ သူရဲ့ ဆွေမျိုးသားချင်းတွေကို လာကြည့်ပါတယ်။

“ကျနော်မိသားစုတခုလုံး သွေးလွန်တုပ်ကွေး ဖြစ်ခဲ့ကြတာပါ။ ဒါပေမယ့် ကျနော်တို့ အမျိုးသမီး မိသားစုဝင်တွေကိုတော့ ဆေးရုံကို ခေါ်မလာဘူးဗျ။ သူတို့တွေက သူတို့ရဲ့ကလေးတွေကို နို့တိုက်ကျွေးမွေးရဦးမှာဆိုတော့ သူတို့ကို ဆေးရုံမှာထက် အိမ်မှာ ကုသတာက ပိုကောင်းမယ် ထင်တယ်လေ။”

အိမ်မှာ ကုသတာက ပိုကောင်းတယ်ဆိုရင် ဆေးရုံမှာ ဘာလို့ တက်ကုသခံနေကြတာလဲလို့ မေးမြန်းရာမှာတော့ ယာဆာအလီက “ကျနော် အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ မပြောနိုင်ပါဘူးဗျာ။ ကျနော် ပြောမနေချင်တော့ပါဘူး” လို့ ဆိုပါတယ်။

စ၀တ်တောင်ကြားဒေသက အမျိုးသမီးတွေက ဆောင်းရာသီရောက်လာတဲ့အချိန်မှာ နည်းနည်း သက်တောင့်သက်သာ ရှိလာကြပါတယ်။ ရာသီဥတုအေးလာရင် သွေးလွန်တုပ်ကွေး ဖြစ်စေနိုင်တဲ့ပိုးကို သယ်ပေးတဲ့ ခြင်တွေ သေကုန်ကြတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

ဆိုင်ဒူ သင်ကြားရေးဆေးရုံ ရဲ့ အကြီးအကဲ ဒေါက်တာ တာဂ်ျမိုဟာမက်ခန်က “သွေးလွန်တုပ်ကွေးရောဂါပိုးကို သယ်ယူလာတဲ့ ခြင်တွေက ၁၆ ဒီဂရီ ဆဲလ်ဆီယပ် အောက်မှာ အသက်မရှင်နိုင်ပါဘူး။ ဒီတော့ အခြေအနေက အောက်တိုဘာ ၁၆ ရက် နောက်ပိုင်း ကျရင် အပူချိန်က ကျလာတဲ့အတွက် ပိုကောင်းလာမှာပါ” လို့ ပြောပါတယ်။

မူဒါဆာရှားက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် ပါကစ္စတန်နိုင်ငံ စ၀တ် တောင်ကြားဒေသက သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013