DVB Logo
Home
မြန်မာသတင်း
သမ္မတဦးသိန်းစိန် ဘရူနိုင်းနိုင်ငံကို ထွက်ခွာ
DVB
·
October 8, 2013
သမ္မတဦးသိန်းစိန် ဘရူနိုင်းနိုင်ငံကို ထွက်ခွာ
1 / 2
Donate to DVB

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ  ဘရူနိုင်းနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့  ၂၃ ကြိမ်မြောက် ထိပ်သီးညီလာခံကို  တက်ရောက်ဖို့ ဒီနေ့  နေပြည်တော်ကနေ ထွက်ခွာသွားတယ်လို့ သမ္မတရုံးဝက်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

[caption id="attachment_44539" align="alignright" width="300" caption="ဓာတ်ပုံ - ဦးရဲထွဋ် ဖေ့စ်ဘွတ်ခ်"][/caption]

သမ္မတဦးသိန်းစိန်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့  နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဒေါက်တာ ကံဇော်နဲ့ ဒုဝန်ကြီးတွေ လိုက်ပါသွားပါတယ်။

ဦးသိန်းစိန်ဟာ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ  မိန့်ခွန်းပြောမယ့် အစီအစဉ်လည်း ရှိတယ်လို့ တရုတ် ဆင်ဟွာသတင်းမှာဖော်ပြထားပါတယ်။

အာဆီယံမိသားစုဝင် နိုင်ငံတွေအနေနဲ့ ကိုယ့်တနိုင်ငံချင်းစီ ဖွံဖြိုးတိုးတက်ဖို့ လုပ်ဆောင်နေချိန်မှာပဲ နိုင်ငံအချင်းချင်း အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ သမ္မတဦးသိန်းစိန်က တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၁၉၉၇ ခုနှစ်က အာဆီယံအဖွဲ့ထဲ ၀င်ချိန်ကတည်းကပဲ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ မိတ်ဘက်နိုင်ငံတွေရဲ့ အားပေးကူညီမှုတွေနဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူနိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ဦးသိန်းစိန်က ပြောတယ်လို့ သတင်းကဆိုပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၄ မှာ အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဖို့ရှိနေပြီး ၂၀၁၅ မှာ အာဆီယံအသိုင်းအ၀ိုင်း အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ သတ်မှတ်ချက်တွေကို ဖြည့်ဆည်းပေးရမှာ ဖြစ်တဲ့အပြင် ၂၀၁၅ အလွန် အာဆီယံရဲ့မျှော်မှန်ချက်တွေကိုလည်း သတ်မှတ်ပြဋ္ဌာန်းပေးရဦးမှာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဘရူးနိုင်း နိုင်ငံ အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ဖို့ သွားရောက်တဲ့နေ့မှာပဲ နိုင်ငံရေးအကျဉ်းသား ၅၆ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013