DVB Logo
Home
မြန်မာသတင်း
ကလေးဝမြို့က WE WANT DEMOCRACY စာတန်း ရဲတပ်ဖွဲ့ဖျက်ဆီး
DVB
·
February 21, 2021
ကလေးဝမြို့က WE WANT DEMOCRACY စာတန်း ရဲတပ်ဖွဲ့ဖျက်ဆီး
Donate to DVB

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကိုင်းတိုင်း ကလေးဝမြို့ ကမ်းနားလမ်းပေါ်မှာ လူငယ်တွေ မနေ့ညနေပိုင်းက ရေးဆွဲထားတဲ့ WE WANT DEMOCRACY စာတန်းအား ရဲတပ်ဖွဲ့က ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

“ကျနော်တို့ရေးဆွဲပြီး ၂ နာရီလောက်နေတော့ လာပြီး ဖျက်နေတယ်၊ အထက်ကခိုင်းလို့ လုပ်ရတယ်လို့ပြောတယ်။ အခုလို စာတန်းတောင်လိုက်ဖျက်တော့ ဒီမိုကရေစီကို ကြောက်တာ ပေါ်လွင်နေတယ်” လို့ စာတန်းဖော်တဲ့လူငယ်တစ်ဦးက ပြောပါတယ်။

ကလေးဝဒေသခံ ကိုနေညီထွဋ်အောင်က "စစ်အာဏာရှင်ပါးစပ်ကထွက်တာ ဘာမှယုံကြည်စရာမရှိဘူး။ စစ်အာဏာရှင်က ဒီမိုကရေစီကို လက်မခံဘူးဆိုတာ အခုလိုဖြစ်ရပ်တွေက ချပြလိုက်တာပဲမြင်တယ်" လို့ ပြောပါတယ်။

နိုင်ငံတဝန်းက မြို့နယ်အတော်များများမှာလည်း စစ်အာဏာရှင် ကန့်ကွက် ဆန္ဒပြသူတွေနဲ့ လူငယ်တွေက WE WANT DEMOCRACY စာတန်းတွေ ရေးဆွဲနေကြပြီး ရဲတပ်ဖွဲ့က လိုက်လံဖျက်ဆီးနေတယ်လို့ သိရပါတယ်။

အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013