DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့်ကေအိုင်အိုဆွေးနွေးပွဲ အလားအလာကောင်း
DVB
·
October 8, 2013
အစိုးရနှင့်ကေအိုင်အိုဆွေးနွေးပွဲ အလားအလာကောင်း
Donate to DVB

အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကချင်ပြည်နယ် မြို့တော်  မြစ်ကြီးနားမြို့မှာ ဒီနေ့ ကျင်းပခဲ့ကြပြီး နှစ်ဖက် ပွင့်လင်းမြင်သာမှုရှိပြီး အလားအလာ ကောင်းတယ်လို့ တက်ရောက်သူတွေက ပြောပါတယ်။

ဓာတ်ပုံ - ညိုအုန်းမြင့်ဒီကနေ့စတင်တဲ့ ဆွေးနွေးပွဲအတွင်း  ပြီးခဲ့တဲ့မေလ   ဆွေးနွေးပွဲကနေ  ဒီကနေ့အထိ နှစ်ဖက် အဖွဲ့တွေကြား   ဖြစ်ထွန်းတိုးတက်မှုတွနဲ့   နှစ်ဖက် စောင့်ကြည့်လေ့လာရေးအဖွဲ့ဖွဲ့ဖို့ အချက်နှစ်ချက်ကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီအချက်နှစ်ချက်ထဲက  ဖြစ်ထွန်းတိုးတက်မှုများဆိုတဲ့ ခေါင်းစဉ်အောက်မှာ အစိုးရအနေနဲ့ ကေအိုင်အိုနဲ့ဆက်စပ် ဖမ်းဆီးထားသူ ၃၅ ဦး လွှတ်ပေးခဲ့တဲ့အကြောင်းနဲ့  စစ်ရေးကိစ္စမှာတော့  နှစ်ဖက်ထိတွေ့မှု  လျော့နည်းသွားတဲ့အကြောင်းတွေ ပြောဆိုခဲ့တယ်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။

“ပထမခေါင်းစဉ်ကတော့ ယခင်ဆွေးနွေးပွဲနဲ့ ယခုဆွေးနွေးပွဲ ဖြစ်ထွန်းတိုးတက်မှုများ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့သွားတယ်။ ၀န်ကြီး ဦးအောင်မင်းတို့ဘက်ကလည်း ဆွေးနွေးပွဲ ၂ ခုကြားမှာ နိုင်ငံတော်သမ္မတရဲ့ အကျဉ်းသားတွေ နှစ်ကုန်မှာ အားလုံးပြန်လွှတ်မယ်ဆိုတဲ့အစီအစဉ်ထဲမှာ ၂ ကြိမ်လွှတ်တဲ့အထဲ ဒီနေ့လွှတ်လိုက်တဲ့ ၅၆ ယောက်ထဲမှာ ကေအိုင်အိုနဲ့ ဆက်စပ်ပတ်သက်တဲ့သူ ၁၈ ယောက်ပါတယ်ဆိုတာရယ်၊ အရင်တခေါက် လွှတ်လိုက်တဲ့အထဲမှာ ၁၇ ဦးပါတယ်ဆိုတဲ့ဟာ ရှင်းပြပါတယ်။ နောက် ကေအိုင်အိုအနေနဲ့ ရုံးဖွင့်ထားနိုင်တယ်။ လမ်းတွေ ဖွင့်နိုင်တယ်ဆိုတာလည်းပြောပါတယ်။”

“စစ်ရေးကိစ္စနဲ့ပတ်သက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးပြောသွားတာတော့ အရင်ဆွေးနွေးပွဲနဲ့ ဒီဆွေးနွေးမှုကြားမှာ (၁)၊ ရထားလမ်းမှာ လုံးဝ မိုင်းထောင်တာ မရှိတော့ဘူးဆိုတာ၊ အရပ်ဘက်ပစ်မှတ်အဖြစ် မိုင်းထောင်တာလည်း မတွေ့ရတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုသွားပါတယ်။ ၄ လနဲ့ ၇ ရက်တာ ကာလအတွင်းမှာ တိုက်ပွဲကြီး ၂ ကြိမ်ကလွဲရင် ကျန်တဲ့ထိတွေ့မှု ၂၉ ကြိမ်ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ ကာလတွေတုန်းက တိုက်ပွဲတွေ တနေ့ သုံးလေးကြိမ်ဖြစ်တာနဲ့ ယှဉ်ကြည့်လိုက်ရင် အများကြီး လျှော့ချနိုင်ခဲ့ကြောင်း၊ နောက်နှစ်ဖက် ဆိုင်ရာ ပုဂ္ဂိုလ်တွေ နေ့တိုင်းနီးပါး ထိတွေ့ဆက်ဆံမှုရှိတယ်ဆိုတဲ့အကြောင်း ပြောတဲ့အတွက် ဒါကလည်း ၀မ်းသာစရာပါပဲ။”

ဒီကနေ့ ဆွေးနွေးပွဲမှာ လေ့လာသူအနေနဲ့ တက်ရောက်ခဲ့တဲ့ အမျိုးသားဒီကရေ စီအင်အားစုပါတီ (အန်ဒီအက်ဖ်) က  ဦးသန်းဦးကတော့  ဒီဆွေးနွေးပွဲဟာ  ပွင့်လင်းမြင်သာပြီး အလားအလာ ကောင်းတဲ့ ဆွေးနွေးမှုဖြစ်တယ်လို့  ပြောပါတယ်။

“ထူးထူးခြားခြားကတော့ အလားအလာ တော်တော်ကောင်းပါတယ်။ အခုက နှစ်ဖက် စောင့်ကြည့်ရေးအဖွဲ့ တည်ဆောက်ဖို့အတွက် ဆွေးနွေးနေကြတယ်ခင်ဗျ။ ကေအိုင်အို/ ကေအိုင်ကေ ဘက်ကရယ် နိုင်ငံတော် အစိုးရဘက်ကရယ် ၀န်ကြီးဦးအောင်မင်းတို့ဘက်က ရယ်ပေါ့ဗျာ နောက် တပ်မတော်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး တက်ရောက်တယ် ခင်ဗျ။ အဖွဲ့အစည်းတွေ အားလုံးစုံပါတယ်။ အပစ်အခတ်ရပ်စဲရေး အဖွဲ့ ၁၂ ဖွဲ့ ဖိတ်ထားတာ ၁၀ ဖွဲ့တက်လာတယ်။ အက်စ်အကစ်အေတို့ ကေအန်ယူတို့ အေဘီအက်စ်ဒီအက်ဖ်လည်း ပါတယ်။ အလားအလာ အများကြီးကောင်းပါတယ်။ နှစ်ဦးနှစ်ဖက် ဆွေးနွေးချက်တွေ အသံလည်း ကောင်းတယ်။ အလားအလာလည်း ကောင်းတယ်။”

ဒီကနေ့ဆွေးနွေးပွဲကို  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနက ဒု-ဗိုလ်ချုပ်ကြီးမြင့်စိုး၊   ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးသန်းအောင်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း စတဲ့ အစိုးရဘက်က ကိုယ်စားလှယ် ၂၆ ဦး တက်ရောက်ခဲ့ပါတယ်။

ကေအိုင်အိုဘက်ကတော့ ဦးဆွမ်းလွတ်ဂမ် ဦးဆောင်ပြီး ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်၊ ဗိုလ်မှူးကြီး ဇော်ရော်၊ အစရှိတယ်တဲ့ ကိုယ်စားလှယ် ၆၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်  အပါအ၀င် လေ့လာသူအနေနဲ့ ပါတီတွေ၊ အပစ်ရပ်ဖွဲ့တွေနဲ့ သံတမန်အဖွဲ့ စုစုပေါင်း ၆၀ ကျော်တက်ရောက်ခဲ့ပါ တယ်။

ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၀ ရက်ထိ ဆက်လက်ကျင်းပမှာ ဖြစ်ပြီး သဘောတူညီ ချက်တွေက တော့မရရှိသေးပါဘူး။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/KIO Peace Meeting/]
ဓာတ်ပုံ- ညိုအုန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013