DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီး ၂ ဦး ထိန်းသိမ်းခံရမှု ရဲတပ်ဖွဲ့က အမှုမဖွင့်ပေး
DVB
·
February 20, 2021
ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီး ၂ ဦး ထိန်းသိမ်းခံရမှု ရဲတပ်ဖွဲ့က အမှုမဖွင့်ပေး
Donate to DVB

ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ ထိန်းသိမ်းခံရမှုနဲ့ပတ်သက်လို့ မိသားစုဝင်တွေ သွားရောက်တိုင်ကြားပေမဲ့ ရဲစခန်းက အမှုမဖွင့်ပေးခဲ့ဘူးလို့ သိရပါတယ်။ 

လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ဟာ စစ်အာဏာ သိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ထိန်းသိမ်းခံခဲ့ရတာပါ။ 

ဖေဖော်ဝါရီ ၁၉ ရက်အထိ သူတို့ကို မိသားစုဝင်တွေက ဆက်သွယ်လို့ မရခဲ့တဲ့အတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ရဲလက်စွဲ အပိုဒ် ၁၄၁၄ တို့နဲ့အညီ မိသားစုဝင်တွေက ကမာရွတ်ရဲစခန်းမှာ သွားရောက် သတင်းပေးအမှုဖွင့် တိုင်ကြားခဲ့ပေမဲ့ ရဲစခန်းက အမှုမဖွင့်ပေးခဲ့ ဘူးလို့ ဦးနိုင်ငံလင်းတို့ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦးအောင်ကောင်းမြတ်က ပြောပါတယ်။

တစုံတဦး အဖမ်းခံရတာဖြစ်စေ၊ ပျောက်ဆုံးနေတာဖြစ်စေ မိသားစုဝင်တွေနဲ့ ရှေ့နေတွေက သတင်းပေးတိုင်ကြားရင် ရဲစခန်းက အမှုဖွင့် လက်ခံဆောင်ရွက်ပေးရမှာပါ။ တကယ်လို့ အမှုမဖွင့်ပေးဘူးဆိုရင်လည်း တရားဝင် ရုံးစာထုတ်ပြီး အကြောင်းပြန်ရမှာ ဖြစ်ပါတယ်။

တရားဝင်ရုံးစာထုတ်ပြီး ရဲစခန်းက ပြန်ကြားမှ ရှေ့နေတွေက ဥပဒေနဲ့အညီ စာချွန်တော်တက်နိုင်မယ်လို့ ဆိုပါတယ်။

ကမာရွတ်ရဲစခန်းက အမှုမဖွင့်ပေးတဲ့အပြင် အချိန် ၂ နာရီကျော်ကြာ ရဲစခန်းရှေ့ စောင့်ခဲ့နေခဲ့ပေမဲ့ ရဲစခန်းထဲကိုတောင် တရားလိုတွေ ဝင်ခွင့်မရခဲ့ပါဘူး။ 

ဝန်ကြီး ဦးနိုင်ငံလင်းနဲ့ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ရဲ့ မိသားစုဝင်တွေကတော့ ကျန်းမာရေး ကောင်းမွန်ကြောင်း သတင်းလောက်တောင် မသိရတဲ့အတွက် စိုးရိမ်ပြီး သတင်းပေး တိုင်ကြား တာလို့ ဆိုပါတယ်။ 

ဇေယျာချမ်းအေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013