DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် တရားမ၀င်ဆန္ဒပြမှုဖြင့် ထောင်ဒဏ်စီရင်
DVB
·
October 8, 2013
စစ်တွေတွင် တရားမ၀င်ဆန္ဒပြမှုဖြင့် ထောင်ဒဏ်စီရင်
Donate to DVB

ဒီနှစ် မတ်လဆန်းက ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘဂါင်္လီတွေကို နေအိမ်ဆောက်ပေးမယ့် အစီအစဉ်အပေါ် ကန့်ကွက်ဆန္ဒပြပွဲ ဦးဆောင်သူ ၂ ဦးကို စစ်တွေမြို့နယ်တရားရုံးက ခွင့်ပြုချက်မရရှိဘဲ ဆန္ဒပြတဲ့အမှုနဲ့ ထောင်ဒဏ် ၃ လစီ ကျခံစေဖို့ စီရင်လိုက်ပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ခုလို ပြောပါတယ်။
“ဒီနေ့ ၁၂ နာရီလောက်မှာ ဒေါ်ညိုအေးနဲ့ ဦးကျော်စိုးကို ထောင် ၃ လစီချလိုက်တယ်လို့ ကျနော်တို့ ကြားသိရပါတယ်။”

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့နှစ် ဇွန်လကစတဲ့ အကြမ်းဖက်မီးရှို့မှုတွေကြောင့် လူနေအိမ်ခြေတွေ ထောင်ချီပျက်စီးခဲ့ပြီး လူ ၁ သိန်းခွဲလောက် မီးဘေးဒုက္ခသည် ဖြစ်ခဲ့ပါတယ်။

ပြစ်ဒဏ်စီရင်ခံရသူတွေဟာ ဆန္ဒပြခွင့်ပေးဖို့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေကို အကြိမ်ကြိမ် ခွင့်တောင်းပေမယ့် မရတာကြောင့် ခွင်ပြုချက်မရဘဲ ဆန္ဒပြခဲ့ရတာလို့လည်း ဦးခိုင်ပြည်စိုးက ပြောပါတယ်။

“အိမ်တွေဆောက်မယ့်အပေါ် သူတို့တောင်းဆိုတာက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ ၁၉၈၂ မြန်မာနိုင်ငံသား အက်ဥပဒေနဲ့ ရှေ့ဆက်ပြီး အိမ်ဆောက်ဖို့ သင့်တဲ့သူတွေကို ဆောက်ပေးဖို့၊ ဒီဥပဒေနဲ့ မစစ်ဆေးဘဲ အိမ်ရာ ဆောက်ပေးတာမျိုး မလုပ်ပါနဲ့ဆိုတာ တရားဝင်တောင်းဆိုခဲ့တယ်။ တောင်းဆိုတာမရလို့ ဆန္ဒထုတ်ဖော်မှု လုပ်ပါတယ်။”

သူတို့ဟာ နိုင်ငံသားတွေကိုသာ အိမ်ဆောက်လုပ်ပေးရေးအတွက် နိုင်ငံသားဥပဒေနဲ့အညီ စိစစ်ပေးဖို့ သက်ဆိုင်ရာကို တင်ပြပေမယ့် မထူးခြားတာကြောင့် ဆန္ဒပြခွင့်ပြုဖို့ စစ်တွေမြို့နယ်ရဲမှူးထံ တင်ပြခဲ့ရာမှာ ပယ်ချခံရပြီး အယူခံထပ်တင်ရာမှာလည်း ခွင့်ပြုချက် မရတာကြောင့် မိမိသဘောဆန္ဒအလျှောက် ဆန္ဒပြကြတာလို့ သူက ရှင်းပြသွားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူနဲ့ ဘူးသီးတောင်စတဲ့ မြို့တွေမှာလည်း တူရကီအကူအညီနဲ့ ဆောက်လုပ်မယ့် အိမ်ရာစီမံကိန်းမှာ နိုင်ငံသားတွေကိုသာ ဆောက်လုပ်ပေးဖို့နဲ့ ဘင်္ဂါလီတွေကို ခွင့်မပြုဖို့ တောင်းဆို  ဆန္ဒပြခဲ့ပြီး စုစုပေါင်း ၂၂ ဦးကို တရားစွဲဆိုခဲ့မှုရဲ့ နောက်ဆုံးအသုတ် စီရင်မှု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013