DVB Logo
Home
သတင်းတို
မှောင်ခိုဖမ်းရာတွင် ယာဉ်ပိုင်ရှင်နှင့်ဝန်ထမ်းများကို အရေးယူမည့်ကိစ္စ ကန့်ကွက်
DVB
·
October 8, 2013
မှောင်ခိုဖမ်းရာတွင် ယာဉ်ပိုင်ရှင်နှင့်ဝန်ထမ်းများကို အရေးယူမည့်ကိစ္စ ကန့်ကွက်
Donate to DVB

တရားမ၀င် အကောက်ခွန်မဲ့ ကုန်ပစ္စည်းတွေကို ရွေ့လျားစစ်ဆေးရေးအဖွဲ့ (Mobile Team) တွေနဲ့ ဖမ်းဆီးနေရာမှာ ကုန်ပစ္စည်းတွေကို သိမ်းဆည်းရုံတင်မက ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ ယာဉ်ပိုင်ရှင်တွေကိုပါ ပို့ကုန်သွင်းကုန် ဥပဒေအရ အရေးယူဖို့ စီစဉ်လာတဲ့အပေါ် ကုန်ပို့နဲ့ ကုန်ကားလုပ်ငန်းလုပ်သူတွေက ၀ိုင်းပြီး ကန့်ကွက်ကြမယ်လို့ မန္တလေး- မူဆယ် ကုန်ကားလုပ်ငန်း လုပ်ကိုင်သူ ဦးသိန်းဇော်ညွန့်က ဒီဗွီဘီ ကို ပြောပါတယ်။

အစိုးရရဲ့ ဒီလို အရေးယူမှုကြောင့် မှောင်ခိုမှုမှာ မပတ်သက်တဲ့ ကုန်ကားလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူတွေ နစ်နာမှာဖြစ်တဲ့အတွက် ဒါကို ဖြေရှင်းပေးဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆီ လက်မှတ်ရေးထိုး စုစည်းတင်ပြကြမှာလို့ သူက ပြောပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ အကောက်ခွန်မဲ့ ကုန်စည်တွေ ၀င်ရောက်မှုကို နယ်စပ်တွေမှာ မတားနိုင်တဲ့အတွက် လမ်းခရီးနဲ့ ရန်ကုန်အ၀င်တွေမှာ (Mobile
Team) တွေ ဖွဲ့စည်းစေပြီး အရေးယူ ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013