DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်
DVB
·
October 8, 2013
နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်
Donate to DVB

နိုင်ငံတ၀န်းရှိ အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဒီနေ့ ပြန်လွှတ်ပေးနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ) ပြောခွင့်ရ ဦးဘိုကြည်က ပြောပါတယ်။

[caption id="attachment_44488" align="alignleft" width="300" caption="ဦးဘိုကြည်"][/caption]သူတို့ရရှိထားတဲ့စာရင်းအရ ပြန်လွှတ်ပေးမယ့် နိုင်ငံရေးအကျဉ်းသား ၅၆ ဦးရှိပြီး အခု စလွှတ်ပေးနေတယ်လို့ ပြောပါတယ်။

“အပြင်ရောက်တာ မော်လမြိုင်ထောင်က ရောက်ပြီ။ သူ့ကို အက်စ်ဘီက ခေါ်သွားတယ်။ မော်လမြိုင်မှာရှိတဲ့ ဒေသခံတွေက အက်စ်ဘီရုံးကို လိုက်သွားတယ်။ တချို့ထောင်တွေကလည်း ဆက်လွှတ်ဖို့ ပြင်နေပြီ။ အင်းစိန်ထောင်က ၁ ယောက်ပဲ လွှတ်မှာ။ နောက် နာရီဝက်လောက်ဆို အပြင်ပြန်ရောက်မယ်။”

ဒီနေ့ ပြန်လွှတ်ပေးမယ့် နိုင်ငံရေးအကျဉ်းသားတွေဟာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ အရ လက်မှတ်ထိုးပြီးမှ လွှတ်ပေးတာ များမယ်လို့ ဦးဘိုကြည်က ပြောပါတယ်။
“၄၀၁ ကို လက်မှတ်ထိုးပြီး လွှတ်ရတယ်ဆိုတာ ထားခဲ့တယ်။ ပြစ်ဒဏ်မရှိဘဲနဲ့ လွှတ်ပေးတယ်ဆိုရင် လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအက ၄၀၁ ကို လက်မှတ်ထိုးရတယ်။ ဒါပေမယ့် ၄၀၁ ထဲမှာ ချွတ်ယွင်းချက်ဖြစ်စေ၊ ချွတ်ယွင်းချက်မရှိဘဲဖြစ်စေဆိုတာ သမ္မတကနေပြီး ချွတ်ယွင်းချက်မရှိဘဲ လွှတ်ပေးတာမျိုးကို ကြေညာပေးပါ။ တရားဝင်ဖြစ်အောင် လုပ်ပေးပါလို့ တိုက်တွန်းပြောဆိုနေတာ ရှိပါတယ်။ ဒါပေမယ့် အခုချိန်ထိ အကောင်အထည် ပေါ်မလာသေးပါဘူး။”

ဒီနေ့ ပြန်လွှတ်ပေးမယ့်သူတွေထဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ တိုင်းရင်းသားတွေ များတယ်လို့ ဦးဘိုကြည်က ပြောပါတယ်။

ဗန်းမော်၊ မြစ်ကြီးနား၊ ကလေး၊ လားရှိုး၊ မော်လမြိုင်၊ ပုသိမ်၊ သာယာဝတီ၊ အင်းစိန် အစရှိတဲ့ အကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးမှာလို့ ဆိုပါတယ်။

အခု ၅၆ ယောက် ပြန်မလွှတ်မီက အေအေပီပီ-ဘီ၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ကျဉ်းဟောင်းများအဖွဲ့ရယ်၊ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ် (နိုင်ချုပ်)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) အဖွဲ့ ၅ ဖွဲ့ရဲ့ စာရင်းအရ ၁၆၇ ယောက်ရှိတယ်လို့ ဦးဘိုကြည်က ပြောပါတယ်။

ဒါ့အပြင် ပုဒ်မ ၁၈၊ ၅၀၅ (ခ)၊ လယ်ထွန်လို့ အဖမ်းခံရတဲ့ ပုဒ်မတွေနဲ့ လက်ရှိအမှုရင်ဆိုင်နေရဆဲသူ ၂၃၂ ယောက် ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဦးဘိုကြည်နဲ့ မေးမြန်းချက် အပြည့်အစုံ နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013