စစ်အာဏာရှင်ပြုတ်ကျရေး မန္တလေးမြို့တွင် အင်အားရာချီ စက်ဘီးစီးဆန္ဒပြ
DVB
·
February 19, 2021

1 / 6
စစ်အာဏာရှင်ပြုတ်ကျရေးအတွက် မန္တလေးမြို့မှာ စစ်ဘီးစီးသူ ရာနဲ့ချီ စုပေါင်းကာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းက စက်ဘီးတွေစီး လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
စစ်အာဏာရှင် အလိုမရှိ၊ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးရေး၊ CDM မှာ ပူးပေါင်းရေး စတဲ့တောင်းဆို ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။
စစ်အာဏာရှင်ပြုတ်ကျရေးအတွက် စုပေါင်းဆန္ဒပြတာကို အရင်နေ့တွေကလည်း လုပ်ဆောင်ခဲ့ပြီး နောက်နေ့တွေမှာလည်း ဆက်လုပ်မယ်လို့ သိရပါတယ်။
သတင်း - နိုင်လင်းဦး











