DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြေရှင်းရန် အခမဲ့ဆေးခန်းဖွင့်လှစ်
DVB
·
February 19, 2021
ရေးမြို့တွင် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြေရှင်းရန် အခမဲ့ဆေးခန်းဖွင့်လှစ်
1 / 6
Donate to DVB

DVB

လတ်တလောကျန်းမာရေးဆိုင်ရာ အခက်အခဲဖြစ်နေကြသူတွေအတွက် မွန်ပြည်နယ်၊ ရေးမြို့၊ ကျိုက်ဒေတမော့ဗရတ်သာသနာပြုဌာနက ဆရာတော် ဘဒ္ဒန္တ ပုပ္ဖရမ္မ (ကိုရင်လေးဆရာတော်) ဦးဆောင်မှုနဲ့ အခမဲ့ကျန်းမာရေးဆေးခန်းကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က အဲဒီသာသနာပြုနယ်မြေအတွင်း မူလတန်းကျောင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။

ကုတင် ၁၀၀ ဆံ့ ရေးမြို့ပြည်သူ့ဆေးရုံအနေနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွေမှာပါဝင်ပြီး ပိတ်ထားတာကြောင့် အရေးပေါ်ကျန်းမာရေးကုသမှုတွေအတွက် အခက်အခဲပြေလည်စေဖို့ ဆရာတော်ဦးဆောင်မှုနဲ့ ဆောင်ရွက်တာလို့ ဆေးခန်းဖြစ်မြောက်ရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။

အကျိုးတော်ဆောင်တဦးဖြစ်သူ နိုင်လွင်က ''ဒေသခံတွေက ဆရာတော်ကို ကျန်းမာရေးနဲ့ ပတ်သက်လို့ အခက်အခဲတွေကို လာရောက်လျှောက်ထားကြတယ်။ နောက်ပြီးတော့ အရေးပေါ်ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေသလို သွေးလွန်ပြီး အသက်ဆုံးရှုံးတာတွေလည်း ရှိလာနေကြလို့ ဆရာတော်အနေနဲ့ ရင်ဘတ်တူသူတွေစုပြီး ဆရာတော်မတည်ငွေ၊ အလှူရှင်တွေ လှူဒါန်းငွေတွေနဲ့ စတင်ဖွင့်လှစ်တာပါ'' လို့ ဒီဗွီဘီကို ပြောပါတယ််။

အဆိုပါဆေးခန်းမှာ လာရောက်ကုသသူတွေအတွက် ရေးမြို့နယ်အတွင်းက အရပ်ဘက်က  ပါရဂူ ၁ ဦး အပါအဝင် ဆရာဝန် ၇ ဦးနဲ့ သူနာပြုတွေ၊ မွန်ပြည်သစ်ပါတီ ဆေးဘက်ဆိုင်ရာအဖွဲ့တွေက ၂၄ နာရီ ကျန်းမာရေးဆိုင်ရာ ကုသမှုနဲ့ ဆေးဝါးတွေ အခမဲ့ကုသဆောင်ရွက်ပေးသွားမှာဖြစ်ပြီး မြို့နယ်အတွင်းမှာရှိတဲ့ ပရဟိတအသင်းတွေက လူနာတင်ယာဉ်တွေကလည်း နေ့စဉ်ကူညီဆောင်ရွက်ပေးသွားမှာပါ။

ဆေးရုံကြီးကြပ်ရေးတာဝန်ရှိသူတဦးဖြစ်သူ ဦးအောင်နိုင်ဝင်းက ''ကျန်းမာရေးအခက်အခဲက တစ်မြို့နယ်လုံး ခံစားနေရတာဖြစ်လို့ ဆရာတော်အနေနဲ့ ပြည်သူတွေရဲ့အသက်ကိုကယ်ချင်တယ်၊ မသေသင့်ဘဲ ကျန်းမာရေးအခက်အခဲကြောင့် သေသွားတာကို မဖြစ်ချင်ဘူး၊ အရေးပေါ်လူနာတွေကိုလည်း ဖွင့်လှစ်ထားတဲ့ ပြင်ပဆေးရုံတွေကို ပို့ဆောင်ပေးသွားမှာပါ။ မြို့နယ်မှာရှိတဲ့ ပြင်ပမှာ ဆေးခန်းဖွင့်နေကြတဲ့ ဆရာဝန်တွေကလည်း လိုလိုလားလား ကူညီမှုပေးကြပါတယ်” လို့ ပြောပါတယ်။

သာသနာပြုဆရာတော် ဘဒ္ဒန္တ ပုပ္ဖရမ္မ အနေနဲ့ သာသနာပြုလုပ်ငန်းတွေအပြင် ပညာရေး၊ ကျန်းမာရေး ပံ့ပိုးကူညီမှုတွေကို ဆောင်ရွက်နေပြီး လတ်တလောအနေနဲ့ သာသနာပြုနယ်မြေအတွင်း ကမ္ဘာ့အကြီးဆုံး ပိဋိကတ်ကျောက်စာစေတီတော်ကို တည်ထားပါတယ်။

သတင်းဓာတ်ပုံ - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013