DVB Logo
Home
အာရှဒေသ
ပက်ရှဝါဈေး ပေါက်ကွဲမှုမှာ မိသားစု ၁၆ ခုက မိသားစုဝင်များ ဆုံးရှုံးခဲ့
DVB
·
October 8, 2013
ပက်ရှဝါဈေး ပေါက်ကွဲမှုမှာ မိသားစု ၁၆ ခုက မိသားစုဝင်များ ဆုံးရှုံးခဲ့
Donate to DVB

ဒီ ရှပ်ဘ်ဝါဒါသချုင်္ိင်းမှာ လူတွေ ရာနဲ့ချီပြီး ပူဆွေးကြေကွဲ နေကြရပါတယ်။ သူတို့က ခွဲခွာသွားကြပြီဖြစ်တဲ့ ၀ိညာဉ်တွေအတွက် ဆုတောင်းပေးနေကြတာပါ။

အသက် ၆၅ နှစ် အရွယ်  ဆာတတ်ရ်ခန်ဟာ  ပါကစ္စတန်နိုင်ငံ ပက်ရှဝါမြို့က သူအိမ်နဲ့ မိုင် ၃၀ လောက် ဝေးတဲ့နေရာမှာ မကြာခင်က ဗုံးပေါက်ကွဲမှုတခုဖြစ်ပြီး သူမိသားစုဝင် ၁၆ ယောက် ဆုံးရှုံး သွားခဲ့ပါတယ်။

“ပေါက်ကွဲမှုမှာ ကျနော် ချစ်ရသူတွေ အားလုံး ဆုံးရှုံးခဲ့ရတယ်ဗျာ။ ကျနော်မိန်းမ၊ သမီး ၃ ယောက်၊ ကျနော်သား၊ မြေး ၂ ယောက်၊ ချွေးမနဲ့ တူ ၂ ယောက် ပေါ့ဗျာ။ ကျနော်ဘာတတ်နိုင်မှာလဲဗျာ။ ကျနော်က ဆင်းရဲသားတယောက်ပဲလေ။”

သူက သူမိသားစုကို ဆွေမျိုးတယောက်ရဲ့ မင်္ဂလာဆောင်အတွက် ပက်ရှဝါကို ဗင်ကားတစီးနဲ့ ပို့ဆောင်ပေးခဲ့တာပါ။
သူမိန်းမက ကီဇာခါဝါနီဈေးမှာ ဗုံးပေါက်ကွဲခဲ့တဲ့အချိန်မှာ ကားထဲမှာ ရှိနေခဲ့တာပါ။
“ကျနော်မိန်းမက ပက်ရှဝါမင်္ဂလာဆောင်ကို သွားချင်ခဲ့တယ်လေ။ အားလုံးက သူနဲ့ အတူ သွားချင်နေကြတော့ သူတို့ကို ကျနော် တားလို့ မရခဲ့ဘူးပေါ့ဗျာ။”

ဗုံးပေါက်ကွဲမှုအပြီးမှာ ဆာတတ်ရ်က ပက်ရှဝါကို အပြေးသွားခဲ့ပါတယ်။
“ကျနော် ဆေးရုံရောက်တော့ အလောင်းတွေကို တွေ့ရပြီး အဲဒီအထဲမှာ ကျနော်သား၊ ကျနော်တူတို့ရဲ့အလောင်းတွေကို တွေ့ခဲ့ရပါတယ်။ ကျနော် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားခဲ့တာပေါ့ဗျာ။ ကျနော် သူတို့ကို ကိုယ်တိုင် မြှုပ်နှံပေးခဲ့ပါတယ်။ အဲဒီ ရက်စက်တဲ့လူတွေက ကျနော်ဘ၀ကို လုံးဝ ဖျက်ဆီးပစ်လိုက်တာပါပဲဗျာ။”

ကားတစီးထဲမှာ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်း ကီလိုဂရမ် ၂၀၀ လောက် ထည့်သွင်းထားခဲ့ပြီး ရဲစခန်းအနားမှာရှိတဲ့ လူစည်ကားတဲ့ဈေးနားမှာ ရပ်ထားခဲ့တာလို့ ရဲက ပြောပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် နက်ရှိုင်းတဲ့တွင်းကြီးတခု ဖြစ်ကျန်ခဲ့ပြီး ဗလီတခုနဲ့ ဒါဇင်ပေါင်းများစွာရှိတဲ့ အနီးအနားက ဆိုင်တွေနဲ့ မော်တော်ယာဉ်တွေ ပျက်စီးသွားခဲ့ပါတယ်။

ဒီးလ်ရတ်ဂ်ျခန်ရဲ့ မင်္ဂလာဆောင်က အခုတော့ အသုဘအခမ်းအနား တခုအဖြစ် ပြောင်း
သွားခဲ့ရပါပြီ။
အသက် ၂၃ နှစ်အရွယ် သူဟာ ပေါက်ကွဲမှုကို သူကြားတဲ့အချိန်မှာ ဆိုင်တဆိုင်မှာ အလုပ် လုပ်နေခဲ့တာပါ။
“ကျနော်မိသားစု ပက်ရှဝါကို ထွက်မသွားခင်မှာ ကျနော်  အမေနဲ့ တယ်လီဖုန်း ပြောခဲ့ ပါသေးတယ်။ ကျနော်က ကလေးတွေကို ခေါ်မသွားဖို့ ပြောခဲ့ပါသေးတယ်။ ဗုံးပေါက်ကွဲတာကို ကျနော် ကြားပြီး ချက်ချင်းပဲ ကျနော် ဆေးရုံကို သွားခဲ့ပါတယ်။ ဒါပေမယ့် လူတိုင်း ကျနော်ကို တွန်းထုတ်ပစ်ခဲ့ကြတော့ ကျနော် အလောင်းတွေကိုတောင် ကြည့်ခွင့်မရခဲ့ပါဘူးဗျာ။”

အာဖယ်ခန်က ဆာတတ်ရ်ခန်ရဲ့တ၀မ်းကွဲ ညီအစ်ကိုပါ။ သူက သူမိန်းမနဲ့ အသက် ၅ နှစ်အရွယ် သားငယ် မိုဟာမက်အဇစ်တို့ကို ဆုံးရှုံးခဲ့ရပါတယ်။

“ကျနော်သား  ၁၈ လသား အီတီရှမ်က ဆေးရုံမှာပဲ ရှိပါသေးတယ်။ ကျနော်သားနဲ့ မိန်းမ ဘာလို့ အသတ်ခံရတာလဲဆိုတာ ကျနော် နားမလည်နိုင်ဘူးဗျ။ အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်ပြီး သူတို့ကိုယ်သူတို့ မွတ်စလင်တွေလို့ ဘယ်လို စဉ်းစားနေကြသလဲ မသိပါဘူးဗျာ။”

မိသားစုဝင် ၅ ယောက်ကတော့ ခု ထိ ဆေးရုံမှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် လိုအပ်ရင် နောက်ထပ် သဂြိုလ်စရာနေရာတွေကို ပြင်ဆင်ထားနေရပါတယ်။

ရှာဟက် အာရာမင်က အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက်  ပါကစ္စတန်နိုင်ငံ ပက်ရှဝါမြို့ကနေ သတင်းပေးပို့ ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013