DVB Logo
Home
Lead Story
“အမေစုမုန်းတဲ့စစ်သားအဖြစ်မခံချင်တော့ဘူး” CDM တွင်ပထမဆုံးပါဝင်လာသည့် တပ်ကြပ်ကြီး
DVB
·
February 18, 2021
“အမေစုမုန်းတဲ့စစ်သားအဖြစ်မခံချင်တော့ဘူး”  CDM တွင်ပထမဆုံးပါဝင်လာသည့် တပ်ကြပ်ကြီး
Donate to DVB

မုံရွာမြို့မှာ  တပ်မတော်သား တပ်ကြပ်ကြီးစာရေး တစ်ဦး  စစ်အာဏာရှင်ကို ဆန့်ကျင်အာခံတဲ့  CDM လူထုလှုပ်ရှားမှုမှာ ပထမဆုံးအနေနဲ့ ပါဝင်လာပါတယ်။ အခုလို ပြည်သူလူထုတွေနဲ့ အတူ ပူးပေါင်းပါဝင်လာရတာနဲ့ ပတ်သက်ပြီး တပ်ကြပ်ကြီးစာရေး သန်းလွင်က  မီဒီယာတွေကို ပြောကြားထားပါတယ်။

(အပြည့်အစုံ) 

“အဓိကအကြောင်းရင်းကတော့ဗျာ ဘယ်လိုပြောရမလဲဆိုရင်တော့ ကျနော်တို့လက်ရှိနေနေတဲ့ အနေအထားအနေနဲ့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ကျနော်တို့ တခုခု ဟင်းလေးထွက်ဝယ်တယ်။ ဘာညာကအစ ပြည်သူတွေက ကြည့်တဲ့အကြည့်ကို ကျနော်မခံနိုင်ဘူးဗျာ။  အဲဒါကြောင့် CDM လုပ်ချင်တဲ့ အနေအထားလည်း ကျနော့်စိတ်ထဲပါတယ်။ ဘာလို့လဲဆို ရဲတပ်ဖွဲ့လည်းရှိနေပြီဗျာ။ ကျနော်တို့ စစ်သားအနေနဲ့ ထွက်တော့ ထွက်သင့်ပြီထင်တာပဲ။ အခုဒီမှာကြည့်နေတဲ့ အကုန်လုံးလည်း သွင်းပြီးလွှင့်တာတွေ့လို့ပဲဖြစ်ဖြစ်၊ လိုင်းကောင်းလို့ပဲ ကြည့်ကြည့် ကျနော်တို့ တပ်မတော်သားအကုန်လုံးအနေနဲ့။ ဘာလဲဆိုတော့ ကျနော်ပြောချင်တဲ့စကားက နည်းနည်းလေး ရုန်းထွက်ကြည့်ကြပါလို့ အများကြီးတော့မဟုတ်ဘူး။”

“အများစုကမြင်လိုက်လို့ရှိရင်ဗျာ ကျနော်တို့ တပ်မတော်ကဆိုတော့ ငယ်ငယ်လေးနဲ့ တပ်ကြပ်ကြီးဆိုတာ ဟုတ်ပါ့မလား။ ဘာညာနဲ့ လာဦးမယ်။ ကျနော်တို့ ဒီ ကယားပြည်နယ်မှာဖြစ်တုန်းကလည်း  ရဲအတုလို့ အပြောခံရတယ်။ ကျနော်စစ်သားအစစ် ကျနော်ကွန်ပြူတာဒီပလိုမာ တက်ခဲ့တယ်။ အပတ်စဉ် ၁၈ ကဆင်းတာ ၅၅၀၀၉၆ တပ်ကြပ်ကြီးစာရေး သန်းလွင်။ ကျနော်မကြောက်ပါဘူး။ တခုရှိတယ် ကျနော့် အနေနဲ့ အဖမ်းခံရမယ်ဆိုလည်း အဖမ်းခံလိုက်မယ်။ ဘာမှမဖြစ်ပါဘူး။ နောက်လူတွေအနေနဲ့လည်း ရုန်းထွက်ကြပါလို့ အများကြီးမဟုတ်ပါဘူး။ ပြည်သူ့မျက်နှာကိုကြည့်ပါ။ ကျနော်အမေစုမုန်းတဲ့စစ်သား အဖြစ်မခံချင်တော့ဘူး။ တကယ့်ကို  အဲဒါလေးပဲပြောချင်တယ်၊၊ ဒီလောက်ပဲပြောချင်တယ်”။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013