DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့ အာဇာနည်ကွင်းတွင် ဟိုတယ်ဆောက်ခွင့်ပေးမှု ဥပဒေနှင့်မညီ
DVB
·
October 7, 2013
ဘားအံမြို့ အာဇာနည်ကွင်းတွင် ဟိုတယ်ဆောက်ခွင့်ပေးမှု ဥပဒေနှင့်မညီ
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့ အာဇာနည်ကျောက်တိုင်ကွင်း မြေနေရာမှာ ဟိုတယ်ဆောက်ခွင့်ပေးတာဟာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ မညီဘူးလို့ ဘားအံမြို့နယ် အမျိုးသားလွှတ်တော်အမတ် မန်းကံညွှန့်က ပြောပါတယ်။

အောက်တိုဘာ ၆ ရက်နေ့က ဘားအံမြို့မှာ ကျင်းပသွားတဲ့ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲမှာ အမျိုးသားလွှတ်တော်အမတ် မန်းကံညွန့်က အများပြည်သူ့ ကန့်ကွက်နေတဲ့ ဘားအံမြို့မ အာဇာနည်ကျောက်တိုင်ကွင်းထဲက ဟိုတယ်ဆောက်လုပ်နေတဲ့အပေါ် ဝေဖန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မန်းကံညွန့်က “မြို့နယ် စည်ပင်သာယာသည် ဒီဟိုတယ် ဆောက်လုပ်တာနဲ့ ပတ်သက်ပြီးတော့မှ ကန့်ကွက်သူမရှိမှ သူက ဆောက်လုပ်ခွင့်ကို ဥပဒေနဲ့အညီ ပေးရမှာ ဖြစ်ပါတယ်။ အဲလို စည်ပင်သာယာက သူတို့သည် ကန့်ကွက်သူ မရှိဘူးဆိုပြီးတော့မှ ဆောက်လုပ်ခွင့် ပေးတယ်ဆိုရင် အဲဒီမှာ ဦးအောင်ကျော်လှိုင်သည် တရားဝင် ပြည်သူများရဲ့ ရှေ့မှောက် အစိုးရအဖွဲ့ဝင် ၀န်ကြီးများရဲ့ ရှေ့မှောက် ဦးအောင်ကျော်လှိုင်နဲ့အတူ ပါလာခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးများရဲ့ရှေ့မှောက်မှာ ဒီကိစ္စကို ကန့်ကွက်ထားပါတယ်။ ကန့်ကွက်ထားတာ ဖြစ်လို့ ကန့်ကွက်သူမရှိလို့ ထောက်ခံချက် ပေးတယ်ဆိုရင် မြို့နယ်စည်ပင်သာယာရဲ့ ထောက်ခံချက် ပေးတာ မှားနေတယ်ဆိုတဲ့အကြောင်း ဒီနေရာမှာ ကျနော် ပြောလိုပါတယ်” လို့ ပြောပါတယ်။

အဲဒီ အာဇာနည်ကျောက်တိုင်ကွင်းနေရာဟာ ၃ ဧကကျော်ရှိတဲ့အနက် ၂ ဧကခွဲကျော်ကို ဟိုတယ်ဆောက်လုပ်ဖို့ ဒီကေဘီအေကို ပေးခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇွန်လက စတင်ကာ ဟိုတယ် ဆောက်လုပ်နေပါတယ်။

ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီကေဘီအေလက်နက်ကိုင်အဖွ့ဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးအတွက် ကုန်တိုက်နဲ့ ဟိုတယ်ဆောက်လုပ်ဖို့ ၂၀၀၀ ခုနှစ်ကတည်းက အနှစ် ၉၀ နှစ်ရှည် မြေငှားဂရန်နဲ့ လုပ်ကိုင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

မန်းကံညွှန့်က “ဒီဟိုတယ်ဆောက်လုပ်ခြင်းဟာ မကျေနပ်တော့ပါဘူးဆိုတဲ့ဟာ ဒီကနေ့ ပေါ်လွင်ပါတယ်။ ဒီနေ့ ပေါ်လွင်တယ်ဆိုတာလည်း တက်ရောက်လာတဲ့ မဲဆန္ဒရှင်တွေရော၊ ဆရာတော်ကြီးတွေရောနဲ့ ဒီရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူ ရပ်ကွက်သူနဲ့ ရပ်ကွက်သားတွေကိုယ်စား တင်ပြသွားတဲ့ ပုဂ္ဂိုလ်တွေရဲ့စကားကို နားထောင်လို့ရှိရင် အဖြေပေါ်နေပါပြီ” လို့ ပြောပါတယ်။

အာဇာနည်ကျောက်တိုင်ကွင်း မြေနေရာဟာ ဗိုလ်ချုပ်အောင်ဆန်း ဘားအံကို စည်းရုံးရေး ဆင်းစဉ်ကာလက မိန့်ခွန်း ပြောကြားခဲ့တဲ့နေရာ ဖြစ်တဲ့အတွက် မူလကွင်းအတိုင်း ထားရှိစေချင်ကြသူတွေက ဦးဆောင်ပြီး နိုင်ငံတော်သမ္မတအပါအဝင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဆီကို ပြည်သူတွေရဲ့ သဘောထားလက်မှတ်ရယူကာ ကန့်ကွက်လွှာ အကြိမ်ကြိမ် တင်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013