DVB Logo
Home
အာရှဒေသ
အိန္ဒိယ မဲဆန္ဒရှင်များ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်ကို ငြင်းဆန်ခွင့်ရ
DVB
·
October 7, 2013
အိန္ဒိယ မဲဆန္ဒရှင်များ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်ကို ငြင်းဆန်ခွင့်ရ
1 / 2
Donate to DVB

နောက်နှစ် ရွေးကောက်ပွဲမှာ အိန္ဒိယက လျှပ်စစ်မဲပေးစက်သုံးပြီး ဘယ်သူကိုမှ မရွေးချယ်ဘူးလို့ ပြောဆိုပိုင်ခွင့်ကို ပြည်သူလူထုကို ပေးတော့မှာ ဖြစ်ပါတယ်။ အဲဒါက အိန္ဒိယနိုင်ငံ တရားရုံးချုပ်ရဲ့ နိုင်ငံသားတွေက ရွေးကောက်ပွဲ ၀င်မယ့် ကိုယ်စားလှယ်တွေကို ငြင်းပယ်ခွင့် ပေးလိုက်တဲ့ နောက်ပိုင်းမှာ ဖြစ်လာခဲ့တာပါ။

တရားရုံးက ဒီလို ငြင်းဆန်မဲဆန္ဒဟာ နိုင်ငံရေးပါတီတွေကို တကယ် သန့်စင်ကောင်းမွန်တဲ့ ကိုယ်စားလှယ်တွေ တင်ပေးဖို့ စနစ်ကျနတဲ့ အပြောင်းအလဲတခု ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။

အတော်များများကတော့ အာဏာရအစိုးရဟာ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အတွက် အရေးပါတဲ့ ခြေလှမ်းတခုကို လုပ်ဆောင်ခဲ့တာဖြစ်လို့ ကြိုဆိုခဲ့ကြပါတယ်။

တရားရုံးချုပ်ရဲ့ သမိုင်းတွင်မယ့် စီရင်ဆုံးဖြတ်မှုကတော့ လူမှုလွတ်လပ်ခွင့်ဆိုင်ရာ ပြည်သူ့သမဂ္ဂလို့ခေါ်တဲ့ အန်ဂျီအိုတခုရဲ့ မေတ္တာရပ်ခံ တင်သွင်းချက်ကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။

တရားရုံးမှာ အဲဒီအုပ်စုအတွက် လိုက်ပါဆောင်ရွက် ပေးခဲ့တဲ့ ရှေ့နေ ဆန်ဂျေးဖာရက်က “တရားရုံးချုပ်ရဲ့ စီရင်ဆုံးဖြတ်မှုက အခြေခံအားဖြင့် ကျနော်တို့ဟာ မဲဆန္ဒပေးခွင့်နဲ့ မဲဆန္ဒ မပေးပဲနေခွင့်ကြားမှာ ကွဲပြားအောင် မလုပ်နိုင်ခဲ့ဘူးဆိုတာပေါ်မှာ အခြေခံပါတယ်။ နှစ်ခုစလုံးက ဒီအခြေခံတခုတည်းပေါ်မှာ ရပ်တည်ခွင့်ရှိပါတယ်။ ငြင်းဆန်လိုက်တဲ့ ဆန္ဒမဲတခုဟာ တကယ်မှာ ဒီမိုကရေစီအတွက် အပြုသဘော ဖြစ်လာတတ်ပါတယ်။ ခင်ဗျားတို့ လုပ်နေတာတွေနဲ့ ခင်ဗျားတို့ရဲ့ ပိုက်ဆံ အရှိန်အ၀ါသုံးပြီး သမိုင်းမကောင်းခဲ့တဲ့သူတွေကို မလိုချင်ဘူးလို့ မဲဆန္ဒရှင်တွေရဲ့  အသိတရားကနေ အကြောင်းကြား သိစေလိုက်တာပါပဲ” လို့ ပြောပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ စီရင်ဆုံးဖြတ်ချက်က တရားရုံးက ရွေးကောက်ပွဲကော်မရှင်ကို လျှပ်စစ်မဲပေးစက်အတွက် နောက်ထပ် အချက်တချက်ကို ချပေးလိုက်တာပဲ ဖြစ်ပါတယ်။ ပါဝင် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်တွေထဲက ဘယ်သူ့ကိုမှ မဲမပေးချင်တဲ့သူတွေက ‘အထက်ပါ ကိုယ်စားလှယ်တွေထဲက ဘယ်သူ့ကိုမှ မဲမပေးပါ’ ဆိုတာကို နှိပ်လိုက်ရုံပါပဲ။

ကော်မရှင်က ဟိုတုန်းကတည်းက အကြိမ်ပေါင်းများစွာ အဲဒီခလုတ်အတွက် တင်ပြတောင်းဆိုခဲ့ပေမယ့် အစိုးရ အဆက်ဆက်က အဲဒါကို ထောက်ခံအတည်ပြု မပေးနိုင်ခဲ့ ပါဘူး။

ကော်မရှင်နာချုပ် အက်စ်ဗီဆမ်းပတ်ကတော့ အဲဒါက မဲပေးတဲ့လုပ်ငန်းစဉ်ကို ပိုပြီးမြင်သာ ထင်သာရှိလာ လုပ်ပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

“အဲဒါက ဒီမိုကရေစီကို သန့်စင်အောင်လုပ်တဲ့နေရာမှာ အများကြီးတာသွားပါတယ်။”

အလားတူ တောင်းဆိုမှုတွေကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ  အင်နာဟာဇာရီ က လွန်ခဲ့တဲ့ နှစ်ပိုင်းတွေကတည်းက တောင်းဆိုခဲ့တာပါ။

ဒါပေမယ့် ဟာဗာရီရဲ့ တွဲဖက်ဟောင်း အာဗင်းက၀ရီဗယ်လ်ကတော့ တိုက်ပွဲက တ၀က်တပျက်ပဲ အနိုင်ရသေးတယ်လို့ ဆိုပါတယ်။

“အဲဒါက နိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို သန့်ရှင်းအောင် အထောက်အကူဖြစ်တယ်လေ။ ဒါပေမယ့် လူအများစုက ‘ကိုယ်စားလှယ်တွေထဲက ဘယ်သူ့ကိုမှ မဲမပေးပါ’ ခလုတ်ကို နှိပ်ရင်တောင်မှ ရွေးချယ်တင်မြှောက်မှုကို ပယ်ဖျက်လို့ မရသေးပါဘူး။ တိုက်ပွဲက မပြီးသေးပါဘူး။ နောက် တဆင့်က ငြင်းပယ်မှုကို အဓိပ္ပာယ်ရှိအောင်လုပ်ဆောင်ခွင့်ပါ။ တကယ်လို့ အဲဒါက မဲပေးသူအများစုက ခလုတ်အသစ်ကို ရွေးချယ်ကြတဲ့  မဲဆန္ဒနယ်တခုမှာ ပြန်ပြီး အရွေးချယ်ခံခွင့်ကို ဦးတည်သွားမှဖြစ်မှာပါ။”

အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဘီဂျေပီကတော့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။ ဒါပေမယ့် စိတ်သောက ဖြစ်နေတာတွေလည်း ရှိပါသေးတယ်လို့ ပြောရေးဆိုခွင့်ရှိသူ မီးနတ်ရှီ လက်ဟီ က ပြောပါတယ်။
“တကယ်လို့ အဲဒါက နိုင်ငံရေးပါတီတွေကို နယ်ကိုယ်စားလှယ်တွေကို သန့်ရှင်းတဲ့ အခြေအနေ ဖြစ်အောင်လုပ်ပေးဖို့ ဖိအားပေးနိုင်မယ်ဆိုရင်တော့ ကျမတို့က အဲဒါကို ကြိုဆိုပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ နိုင်ငံရေးအရ သူတို့ကိုယ်တိုင် သတိပြုစောင့်ကြည့်လာတာကို ဖြစ်စေမယ်ဆိုရင်တော့ ကျမတို့က ထောက်ခံသူ ကန့်ကွက်သူတွေကို အသေအချာ စဉ်းစားဆုံးဖြတ် လာအောင် လုပ်ပေးဖို့လိုပါလိမ့်မယ်။.”

ဒါပေမယ့် အာဏာရ ကွန်ဂရက်ပါတီကတော့ စိုးရိမ်နေတယ်လို့ လွှတ်တော်အမတ် ရှတ်ထရမ်နိုက်က ပြောပါတယ်။

“အဲဒါက မဲပေးတာကို သပိတ်မှောက်ဖို့ တောင်းဆိုလိုက်သလိုပဲဗျ။ အဲဒီ ဆုံးဖြတ်ချက်က အဲဒီလို အလွယ်တကူဖြစ်သွားအောင် လုပ်တော့မှာတော့ သေချာတယ်လေ။ ဒါပေမယ့် အဲဒီ မူဝါဒကရော ဘာလဲဗျာ။ ရွေးကောက်ပွဲတွေကို ဆန့်ကျင်သပိတ်မှောက်ဖို့ ခင်ဗျား ဘယ်လို အားပေး တိုက်တွန်းမလဲ။”

ရွေးကောက်ပွဲကော်မရှင်ကတော့ လာမယ့် ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေအတွက် ခလုတ်အသစ် ရအောင်လုပ်ပေးဖို့ သေချာအောင် လုပ်ပေးပါလိမ့်မယ်။
အကြီးတန်း သတင်းစာဆရာ ၀ီပူးလ်မတ်ဂေါလ် က အဲဒီ အခွင့်အရေးသစ်ကို အသုံးပြုဖို့ မစောင့်နိုင်တော့ဘူးလို့ ဆိုပါတယ်။

“ငြင်းပယ်ခွင့်အခွင့်အရေးက မှန်ကန်တဲ့လမ်းကြောင်းမှာ ခြေလှမ်းတခုပါ။ အဲဒါက စနစ်ကို နည်းနည်းတော့ လှုပ်ခတ်သွားစေမှာ ဖြစ်ပြီး ကျနော်တို့ တကယ်တမ်း လိုနေတဲ့ဟာပဲဗျ။”

ဒါပေမယ့် ဟင်ဒူစတန်တိုင်မ်းနေ့စဉ်သတင်းစာက  ပန်ကာဝိုရာလို လေ့လာ သုံးသပ်သူတွေကတော့  ပြည်သူလူထုက အဲဒီအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုကြပါ တယ်။

“ပြည်သူလူထုက လူ့အဖွဲ့အစည်းနဲ့ မျိုးဇာတ်တွေကို အခြေခံပြီး မဲမေးနေတုံးပဲဗျ။ ငြင်းပယ်ခွင့်ဟာ သိပ်ပြီး ကြီးကြီးမားမားပြောင်းလဲမယ်လို့တော့ မထင်ဘူး။ ဒီအခွင့်အရေး ကျနော်တို့ ရကြတာကတော့ ကြားရတာ ကောင်းပါတယ်။ ဒါပေမယ့် အဲဒါက တိုးတက်တဲ့ လူ့အဖွဲ့အစည်းမှာပဲ အောင်မြင်နိုင်မှာပါ။ ကျနော်တို့နိုင်ငံမှာတော့ အဲဒါက ဥပဒေစာအုပ်တွေမှာပဲ ရှိနေမှာပဲဗျ။ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဒါမှမဟုတ် မဲပေးတဲ့ပုံစံတွေကိုတော့ တကယ်တမ်း သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူးဗျာ။”

ဘစ်စ်မီလာဂီလာနီက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ သတင်းပေးပို့ ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013