DVB Logo
Home
မြန်မာသတင်း
CDM ပါဝင်သည့် ပြည်သူ့ဝန်ထမ်း သတင်းအချက်အလက်အပလီကေးရှင်း ရယူနိုင်
DVB
·
February 17, 2021
CDM ပါဝင်သည့် ပြည်သူ့ဝန်ထမ်း သတင်းအချက်အလက်အပလီကေးရှင်း ရယူနိုင်
Donate to DVB

စစ်တပ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement) မှာ ပါဝင်နေကြတဲ့  ပြည်သူ့ဝန်ထမ်းတွေအတွက် CDM support android application ကို ဒေါင်းလုတ်ရယူနိုင်ပြီ ဖြစ်ပါတယ်။

ဒီအပလီကေးရှင်းကိုတော့ Civil Disobedience Movement ဖေ့စ်ဘွတ်ခ်စာမျက်နှာက CDM ဝန်ထမ်းတွေ အထောက်အကူဖြစ်စေဖို့ သတင်းအချက်အလက်တွေကို စုစည်းပေးထားတာ ဖြစ်ပြီး လတ်တလောမှာတော့ beta version အနေနဲ့သာ အသုံးပြုနိုင်ဦးမယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတချို့ကို စစ်တပ်က ဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာ ဖီဆန်ရေးလှုပ်ရှားမှုကို ဆေးလောကသားတွေက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံနဲ့အဝန်း မြို့တွေမှာ တခြားကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

လတ်တလော မိတ်ဆက်လိုက်တဲ့ CDM support android application မှာ အချက်အလက်တွေကို အတတ်နိုင်ဆုံး စိစစ်ထားပေမယ့် link တွေ အပြောင်းအလဲရှိနိုင်တာတွေ၊ ဖုန်းနံပါတ်တွေ အပြောင်းအလဲရှိနိုင်တာတွေ အဝင်ခေါ်ဆိုမှု အပိတ်ခံထားရတာတွေကြောင့် အမှားအယွင်းတွေ ရှိနိုင်ကြောင်းလည်း အသိပေးထားပါတယ်။

ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ ကိုယ်နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်၊ လမ်းတွေမှာ CDM support team တွေဖွဲ့စည်းပြီး ဒီ အပလီကေးရှင်းမှာ ဖော်ပြပေးနိုင်ဖို့အတွက် Civil Disobedience Movement page ကို အကြောင်းကြားဆက်သွယ်ပေးဖို့လည်း နှိုးဆော် ထားပါတယ်။

Download ပြုလုပ်ရန် လင့်များ − 

http://www.mediafire.com/.../cdm_v1.0.0%2528beta.../file

https://www.sendspace.com/file/ejwmdz

https://www.sendspace.com/file/ej0uw5

************************

https://www.facebook.com/civildisobediencemovement2021/posts/366008977822083

***************************

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013