DVB Logo
Home
မြန်မာသတင်း
သံတွဲပဋိပက္ခအတွင်း ရခိုင်လူမျိုး ၄၅ ဦး အဖမ်းခံထားရ
DVB
·
October 6, 2013
သံတွဲပဋိပက္ခအတွင်း ရခိုင်လူမျိုး ၄၅ ဦး အဖမ်းခံထားရ
Donate to DVB

သံတွဲပဋိပက္ခအတွင်း အဖမ်းခံထားရတဲ့ ရခိုင်လူမျိုး ၄၅ ဦးရှိတယ်လို့ သံတွဲ မြို့နယ် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ပြောပါတယ်။

အောက်တိုဘာ ၅ ရက်နေ့အထိ အဖမ်းခံထားရတဲ့ ၄၅ ဦးထဲမှာ သံတွဲမြို့နယ် အမျိုး၊ဘာသာသာသနာစောင့်ရှောက်ရေးအသင်းက လူတွေ အများစု ပါဝင်တဲ့ အကြောင်း သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ဦးစံအေးက ပြောပါတယ်။

“အာရ်အန်ဒီပီပါတီက ၁ ဦးပါဗျ။ ပြီးတော့ အမျိုး၊ ဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ရယ်၊ လူမှုကွန်ရက်ရယ်နဲ့ နာရေးကူညီမှုအသင်းတွေက ၁၂ ယောက်ပါခင်ဗျ။ ပြီးတော့မှ ဆင်ခေါင်းကျေးရွာ အုပ်စုမှာရှိတဲ့ ရွာ ၃၊ ၄ ရွာကနေ ပြီးတော့မှ ၁၃ ယောက်ပါခင်ဗျ။ ရွှေလှေသဗြုချိုင်ရွာက လူ ၉ ဦးပါခင်ဗျ။ နတ်မှော် တောင်း ကျေးရွာအုပ်စုက လူ ၉ ဦးပါခင်ဗျ။ အားလုံးပေါင်း ၄၅ ဦး ကျနော့်မှာ စာရင်းရှိတယ် ခင်ဗျ။”
အဖမ်းခံထားရတဲ့ ၄၅ ဦးကို သံတွဲမြို့နယ်ရဲစခန်းက ပုဒ်မ ၄၃၆၊ ပုဒ်မ ၄၂၇ အကျိုးဖျက်ဆီးခြင်း၊ မီးလောင်မှုတို့နဲ့ အမှုဖွင့်ထားပြီး သံတွဲအကျဉ်းထောင်မှာ ချုပ် ထားတယ်လို့လဲ ပြောပါတယ်။

သံတွဲမြို့ ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသား ၄၂ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ထိန်းသိမ်း စုံစမ်းမေးမြန်းနေကြောင်း အစိုးရက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီခေါင်းဆောင်တွေဟာ အောက်တိုဘာ ၇ ရက်နေ့မှာ သံတွဲမြို့ကို သွားရောက်ပြီး စုံစမ်းမေးမြန်းကြဖို့ ရှိတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောပါတယ်။

“မြို့နယ်ဥက္ကဋ္ဌလည်း အဖမ်းခံထားရတယ်။ အဲဒီမှာ ဘယ်လိုများရှိလဲ။ ဘာတွေ၊ ဘယ်လိုဖြစ်သလဲဆိုတာ စုံစမ်းဖို့ စုံစမ်းရေးကော်မရှင်အနေနဲ့ သွားမှာပါ။ အဲဒီရောက်မှ အစီရင်ခံစာ ထုတ်မှာပါ။ ကြေညာချက်ပြန်ထုတ်မှာပါ။ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ သွားမှာမဟုတ်ဘူး။ ကျနော်က ပါတီမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်လို့ ကိုယ့်မြို့နယ်ရဲ့ ဥက္ကဌတယောက် အဖမ်းခံရတဲ့အပေါ်မှာ ဘယ်လိုဖြစ်တာလဲ အသေးစိတ် စုံစမ်းဖို့ပေါ့ဗျာ။ အဲဒီက ပြန်လာတဲ့အခါမှ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ကြေညာချက်ထုတ်မယ်။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို အကြောင်းကြားမယ်။ အဲဒီလို ခရီးစဉ်ပါ။ ”

စက်တင်ဘာ ၂၈ ရက်ညပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ သံတွဲပဋိပက္ခအတွင်း လူ ၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာ ရရှိပြီး အိမ် ၆၀လောက် မီးလောင်ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013