DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူ ၁၀၀ ခန့်ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထား
DVB
·
February 16, 2021
ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူ ၁၀၀ ခန့်ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထား
Donate to DVB

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကို ပြန်မလွှတ်ပေးသေးပေမဲ့ စစ်တပ်က အတင်းအကြပ် ဖိအားပေးတာ၊ ဆွေးနွေးတာ မရှိသေးဘူးလို့ ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။ 

ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူ ၉၈ ယောက်ကို  စစ်တပ်က ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဘုရင့်နောင် တပ်မတော်စစ်ကြောရေးမှာ ထိန်းသိမ်းခဲ့တာပါ။

တိုင်းနဲ့ခရိုင်အဆင့်ကော်မရှင်တာဝန်ရှိသူ ၁၀ ယောက် ၊ ကိုကိုးကျွန်းမပါ ရန်ကုန်တိုင်းအတွင်း ၄၄ မြို့နယ်က မြို့နယ်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး ၈၈ ယောက်၊ စုစုပေါင်း ၉၈ ယောက်ကို  စစ်တပ်က အကျယ်ချုပ် သဘောထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ 

စတင်ထိန်းသိမ်းတုန်းက ဆွေးနွေးစရာရှိတယ်ဆိုပြီး စစ်တပ်က ကော်မရှင်တာဝန်ရှိသူတွေကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် အချိန် ၆ ရက်ကျော်ကြာတဲ့အထိ စစ်တပ်ဘက်က ဖိအားပေးတာ ဆွေးနွေးတာ ဘာမှမရှိသေးဘူးလို့ ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။

ရန်ကုန်အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း က “ထိန်းသိမ်းခံထားရတဲ့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကို ဘုရင့်နောင်  စစ်ကြောရေးဝင်းထဲက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကိုထားတဲ့ ရိပ်သာမှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ဆရာဝန်တွေလည်းစီစဉ်ပေးထားတယ်”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်း၊ တိုင်းနဲ့ပြည်နယ်အသီးသီးက ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကို ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းကစပြီး စစ်တပ်က ဖမ်းဆီးထိန်းသိမ်းတာတွေပြုလုပ်ခဲ့ပါတယ်။

စစ်တပ်က နိုင်ငံတော် အာဏာကိုသိမ်းယူတာဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲဆန္ဒရှင်စာရင်းမှားယွင်းတာတွေကြောင့်လို့လည်း အကြောင်းပြထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ကို စစ်အစိုးရက ပြန်လည်ဖွဲ့ စည်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013