DVB Logo
Home
သတင်းတို
၂၀၀၈ ဖွဲ့စည်းပုံ လုံးဝဖျက်သိမ်းပါက အန္တရယ်များဟု ကြံ့ခိုင်ရေးပါတီ ကြေညာ
DVB
·
October 5, 2013
၂၀၀၈ ဖွဲ့စည်းပုံ လုံးဝဖျက်သိမ်းပါက အန္တရယ်များဟု ကြံ့ခိုင်ရေးပါတီ ကြေညာ
Donate to DVB

အခြေခံဥပဒေကိုအသစ်ရေးဆွဲပြီး ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝဖျက်သိမ်းလိုက်ပါက နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် အလွန်အန္တရာယ်များပြီး မမျှော်မှန်းနိုင်တဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ပါတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အသေးစိတ် ပြန်လေ့လာပြီး ပြောင်းလဲနေတဲ့ အချိန်အခါနဲ့အညီ ပြင်သင့်ပြင်ထိုက်တဲ့ အကြောင်းအရာတွေကို ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး ပြည်သူတွေကို ပွင့်လင်းစွာ ချပြသွားမယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာရေးနှင့်ပြင်ဆင်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မရှင်းလင်းတဲ့ အချက်တွေနဲ့ပတ်သက်ပြီး သိလိုပါက မေးမြန်းနိုင်ပြီး ပါတီရဲ့ သဘောထားကိုလည်း ပါတီဝင်တွေနဲ့ ပြည်သူတွေကို ထုတ်ပြန်တင်ပြသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော်က  ဖွဲ့စည်းပေးထားတဲ့  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကလည်း ဖွဲ့စည်းပုံပြင်ဖို့ ပြည်သူ့ဆန္ဒအကြံပြုချက်တွေ ရယူသွားမယ်လို့ အောက်တိုဘာ ၃ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲချုပ် (အန်အယ်လ်ဒီ) ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူ့ဆန္ဒသဘောထား ရယူပွဲတွေကို မြန်မာပြည်အနှံ့ ခရိုင်၊ မြို့ကြီးတွေနဲ့ မြို့နယ်တွေမှာ မကြာခင် စတင်ကျင်းပတော့မယ်လို့ ပါတီတာဝန်ရှိသူတွေ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013