DVB Logo
Home
မြန်မာသတင်း
မိကျောင်းကန် မြေသိမ်းပြဿနာ ပြေလည်မှုရရှိ
DVB
·
October 5, 2013
မိကျောင်းကန် မြေသိမ်းပြဿနာ ပြေလည်မှုရရှိ
Donate to DVB

မိကျောင်းကန်မြေသိမ်းပြဿနာကို လွှတ်တော်မှာ အထူးကိစ္စရပ်တခုအနေနဲ့ ဆောင်ရွက်ပေးမယ်ဆိုတဲ့ကတိကြောင့် မဟာဗန္ဓုလပန်းခြံနားက သပိတ်စခန်းကို ဒီနေ့ မွန်းလွဲပိုင်းက ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်နဲ့ မိကျောင်းကန်ဆန္ဒပြအဖွဲ့ ကိုယ်စားလှယ်တို့ ဒီနေ့မနက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် သပိတ်စခန်းရုပ်သိမ်းဖို့ သဘောတူညီမှု ရရှိခဲ့ကြတာဖြစ်ပါတယ်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂နဲ့ ၃ နေ ဒေသခံပြည်သူ ၅၀၀ ကျော်ဟာ သူတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကို သိမ်းယူထားတာ ပြန်ပေးဖို့ အောက်တိုဘာ ၂ ရက်ညကတည်းက ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံနားမှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

န၀တစစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်ကတည်းက သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်ကို အတင်းအကျပ်ပြောင်းခိုင်းခဲ့တာ ဖြစ်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ဒေသခံပြည်သူတွေနဲ့ မြေယူသိမ်းဆည်းမှု ပြဿနာ ဒီနေ့ ညှိနှိုင်းပြေလည်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးခိုင်မောင်ရည်နဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013