DVB Logo
Home
မြန်မာသတင်း
အာဏာလုယူထားသူများနှင့် လုံးဝမပတ်သက်ရန် ကရင်အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော် တောင်းဆို
DVB
·
February 15, 2021
အာဏာလုယူထားသူများနှင့် လုံးဝမပတ်သက်ရန် ကရင်အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော် တောင်းဆို
Donate to DVB

အာဏာလုယူထားသူတွေနဲ့ လုံးဝမပတ်သက်ဖို့ ကရင်လက်နက်ကိုင်အဖွဲ့တွေကို ကရင်အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီ ထိပ်ပိုင်း ခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီးလိုက်တာကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေ အဆုံးသတ်သွားပြီလို့ မှတ်ယူကြောင်း ကရင်အရပ်ဘက်အဖွဲ့အစည်း ၁၁၄ ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

မြန်မာ့တပ်မတော်စစ်အာဏာရှင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီအသစ်၊ သက်တမ်းတိုးထားတဲ့ အပစ်အခတ်ရပ်စဲရေး၊ တိုင်းရင်းသားပါတီခေါင်းဆောင်တချို့ကို ထည့်သွင်းထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ အခုပြည်ထောင်စုနေ့မှာ ထုတ်ပြန်တဲ့ အမျိုးသားရေးဦးတည်ချက်တို့ဟာ စစ်အုပ်ချုပ်တာ အဓွန့်ရှည်စေဖို့၊ စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ပဲ ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

ဒီကာလမှာ ကေအန်ယူထိန်းချုပ်နယ်မြေထဲကို စစ်တပ်က အင်အားတိုးလာတာ၊ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တာ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အားလုံးက လက်ခံနေချိန်မှာ စစ်အာဏာသိမ်းလိုက်တာ စတာတွေကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် အဆုံးသတ်သွားပြီ လို့လည်း ဆိုပါတယ်။

ဒါကြောင့် ကရင့်လက်နက်ကိုင်အင်အားစု ၄ ဖွဲ့အနေနဲ့ အာဏာသိမ်း စစ်တပ်ကို တရားမဝင်တဲ့အစိုးရ၊ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်းသူတွေအဖြစ် သတ်မှတ်ဖို့၊ သူတို့နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး၊ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ရပ်ဆိုင်းဖို့ တိုက်တွန်းလိုက်ပါတယ်။

ကရင့်လက်နက်ကိုင်အဖွဲ့တွေအားလုံး ပိုပြီး ကျစ်ကျစ်လစ်လစ် ပူးပေါင်းပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ နယ်မြေတွေကို ထိန်းချုပ်ကာကွယ်ဖို့၊ ညောင်လေးပင်နဲ့ မူတြော်ခရိုင်ထဲက စစ်ရှောင်တွေကိစ္စကို ပြတ်ပြတ်သားသားကိုင်တွယ်ဖို့၊ ကော်သူးလေတပ်မတော်တခုတည်းအဖြစ် ချီတက်ဖို့၊ နိုင်ငံရေး နည်းလမ်းနဲ့လုပ်တဲ့ တော်လှန်ရေးအားနည်းသွားချိန်မှာ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေနဲ့ နိုင်ငံရေးမဟာမိတ်တပ်တွေ ပြန်တည်ဆောက်ပြီး တော်လှန်ရေးကို ခိုင်မာလာအောင်လုပ်ဖို့ လည်း သူတို့က တိုက်တွန်းထားပါတယ်။

ပြီးတော့ တနိုင်ငံလုံးမှာ ပြည်သူတွေလုပ်နေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့အတူ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသားရပ်တည်ထောက်ခံဖို့၊ တတ်နိုင်တဲ့ကဏ္ဍကနေ ပြည်သူနဲ့ ပူးပေါင်းဖို့၊ လိုအပ်ရင် ပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို ဝန်းရံကာကွယ်ပေးဖို့၊ ကြားဖြတ်အစိုးရနဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းပြီးတဲ့အထိ ပြည်သူတွေနဲ့ တသားတည်း ပူးပေါင်းပါဝင်ဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013