DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံကို အိုင်တီပညာရှင်များ စေလွှတ်သည့်သတင်း တရုတ်သံရုံး ငြင်းဆို
DVB
·
February 14, 2021
မြန်မာနိုင်ငံကို အိုင်တီပညာရှင်များ စေလွှတ်သည့်သတင်း တရုတ်သံရုံး ငြင်းဆို
Donate to DVB

မြန်မာနိုင်ငံကို တရုတ်အိုင်တီ ပညာရှင်တွေ လွှတ်လိုက်တယ်ဆိုတဲ့ စွဲချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ငြင်းလိုက်တယ်လို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ သည်ဂလိုဘယ်တိုင်းမ်စ် သတင်းမှာ ဖော်ပြထားပါတယ်။

ဒီစွဲချက်တွေဟာ အခြေအမြစ် မရှိဘူးကြောင်း၊ မြန်မာနိုင်ငံအတွင်းက မတူခြားနားမှုတွေကို ဆက်သွယ်ဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာဖို့ နဲ့ နိုင်ငံရေးအခြေအနေ ပုံမှန်ပြန်ဖြစ်စေလိုတယ်လို့ ဆိုပါတယ်။

ပြည်တွင်းနိုင်ငံရေး အကျပ်အတည်းကို ထိရောက်တဲ့ အဖြရှာဖို့၊ မြန်မာပြည်သူတွေ အတူလုပ်ဆောင်ကြဖို့က အရေးကြီးဆုံးပဲလို့ သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဓိကအချက်က တွေ့ဆုံဆွေးနွေးဖို့၊ မတူခြားနားချက်တွေကို ဖြေရှင်းဖို့နဲ့ အမျိုးသား နိုင်ငံရေးကို ပုံမှန်လမ်းကြောင်းပေါ် ပြန်တင်ဖို့ဖြစ်ပြီး တိုင်းပြည်နဲ့ နိုင်ငံရဲ့ အခြေခံကျတဲ့ ရေရှည် အကျိုးစီးပွားကို သက်ဆိုင်သူ ပါတီအားလုံး ရှေ့ဆက်ဆောင်ရွက်ဖို့လည်း တရုတ်သံရုံးက တိုက်တွန်းထားပါတယ်။

တရုတ်ဟာ မြန်မာရဲ့ ရင်းနှီးတဲ့ အိမ်နီးချင်းအနေနဲ့ ဒီအရေးမှာ အပြုသဘော အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ဖို့ လိုလားတယ်လို့ ဆိုပါတယ်။

အစောပိုင်းက တရုတ်လေယာဉ်တွေဟာ မြန်မာနိုင်ငံထဲ cyber firewall  တည်ဆောက်ရာမှာ ကူညီဖို့ ပစ္စည်းတွေနဲ့ နည်းပညာရှင်တွေကို ခေါ်သယ်လာခဲ့တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့တာပါ။

တရုတ်အင်တာနက် သုတေသနဌာနညွှန်မှူး ချင်အန်းကလည်း မြန်မာပြည်က အင်တာနက်ကို စီမံအုပ်ချုပ်တာဟာ မြန်မာ့ပြည်တွင်းရေးသာ ဖြစ်ပြီး တရုတ်က ဘယ်တုန်းကမှ ကြားဝင်စွက်ဖက်တာ မရှိခဲ့ဘူးလို့ ပြောကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013