
စပါးနည်းပြ ဒီဇာဘီဟာ မာဆေးလ်အသင်းမှာရှိစဉ်က ကနေဒါကွင်းလယ်လူ အစ္စမေးလ်ကိုနေး အပေါ် ဆက်ဆံပုံကြောင့် "လူယုတ်မာ" တယောက်ဖြစ်တယ်လို ကနေဒါနည်းပြ ဂျက်ဆီမားရှ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
လေ့ကျင့်ရေးကွင်းမှာ ဒီဇာဘီဟာ ကိုနေးကို အော်ဟစ်မောင်းထုတ်ခဲ့ပြီး "မင်းအေးဂျင့်ကိုသာ ဖုန်းခေါ် လိုက်တော့" လို ပြောဆိုခဲ့တဲ့အပေါ် မားရှ်က မကျေမနပ် ဖြစ်နေတာပါ။
ဒီဇာဘီကတော့ ကိုနေးဟာ အရည်အချင်းရှိပေမဲ့ စည်းကမ်းပိုင်းအားနည်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ မားရှ်ကတော့ ကိုနေးဟာ ဒီဇာဘီရဲ့ ဆိုးဝါးတဲ့ဆက်ဆံမှုတွေကြားက ကြံ့ကြံ့ခံနိုင်ခဲ့ပြီး အခုအခါ ဆာဆူအိုလိုအသင်းမှာ ခြေစွမ်းပြနေပြီလို ကာကွယ်ပြောဆိုခဲ့ပါတယ်။
ဒီဇာဘီဟာ မာဆေးလ်မှာရှိစဉ်က မေဆင်ဂရင်းဝုဒ်ကို လူသိရှင်ကြား ထောက်ခံခဲ့မှုကြောင့်လည်း ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရဖူးပါတယ်။
Photo:Reuters










