DVB Logo
Home
မေးမြန်းခန်း
ဖွဲ့စည်းပုံပြင်ရေး ပြည်သူ့ဆန္ဒကောက်ယူမည့်အခြေအနေ မေးမြန်းချက်
DVB
·
October 4, 2013
ဖွဲ့စည်းပုံပြင်ရေး ပြည်သူ့ဆန္ဒကောက်ယူမည့်အခြေအနေ မေးမြန်းချက်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဟာ ခရိုင်မြို့ကြီးတွေနဲ့ မြို့နယ်တွေမှာ ပြည်သူ့ဆန္ဒသဘောထားရယူပွဲတွေ ကျင်းပတော့မယ်လို့ သိရပါတယ်။

ဘယ်ပုံဘယ်နည်း ကျင်းပမှာလဲ၊ ပြည်သူ့ဆန္ဒကို ဘယ်လိုနည်းလမ်းသုံးပြီး ရယူမှာပါလဲ၊ ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအောင်သိန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဘယ်ပုံဘယ်နည်း ကျင်းပမှာလဲ၊ ပြည်သူ့ဆန္ဒကို ဘယ်လိုနည်းလမ်းသုံးပြီး ရယူမှာပါလဲ။

[caption id="attachment_33384" align="alignleft" width="300" caption="ဦးအောင်သိန်း"][/caption]

“ပြင်ဆင်မယ်ဆိုရင် ပြင်ဆင်ခြင်းရဲ့ အကျိုးအမြတ်ရလဒ်၊ အသစ်ရေးဆွဲမယ်ဆိုရင် အသစ်ရေးဆွဲခြင်းရဲ့ အကျိုးအမြတ်ရလဒ် ဘယ်လိုရှိမလဲဆိုတာ လူထုကို နားလည်အောင် အရင်ချပြဖို့လိုမယ်။ ဒီပုဒ်မတွေက ဒီလိုကွာခြားတယ်။ အချို့ပုဒ်မတွေက အရှေ့အနောက်မညီတဲ့ ပုဒ်မတွေ ဖြစ်နေတယ်။ ဒီလို ဥပဒေတွေ ရှိနေတဲ့အတွက် ခင်ဗျားတို့ ပြင်ရမယ့်အချက်တွေ ဖြစ်နေတယ်။ အပြင်များလာရင် အသစ်ရေးဆွဲမယ်ဆိုတဲ့ သဘောထားက နောက်က လိုက်လာမှာပဲ အဲဒီဟာပေါ်မှာ လူထုက ဘယ်လိုသဘောထားကြမလဲ။ ပြင်တာကို သင့်လျော်မယ်ထင်မလား။ သို့မဟုတ် အသစ်ရေးဆွဲတာကိုပဲ ပိုမိုကောင်းမွန်တယ်လို့ ယူဆမလား။ အဲဒါ လူထုသဘောထားကို ပြောရင်းဆိုရင်းနဲ့ ကျနော်တို့သဘောထားနဲ့ သူတို့ သဘောထားကို အမိအရ ရယူဖို့လိုပါတယ်။”

သဘောထားရယူဖို့အတွက် ဘယ်လိုနည်းသုံးမှာလဲ။ မတ်တတ်ရပ်ခိုင်းမှာလား၊ အသံအော်ခိုင်းမှာလား။

“အခြေအနေနဲ့ အခါအားလျှော်စွာ ပေါ်ပေါက်တဲ့ အတိုင်းအတာပေါ်မှာ ကြည့်ရမှာပေါ့။ လက်မှတ်ထိုးခြင်းအားဖြင့် ကြည့်ပြီးပြောမယ်ဆိုရင် လက်မှတ်ထိုးတာပေါ့။ မဟုတ်ရင်လည်း မတ်တတ်တပြိုင်တည်းရပ်၊ အင်အား ဘယ်လောက်၊ ဘယ်နှယောက်က အသစ်ရေးဆွဲမယ်၊ ဘယ်နှယောက် ပြင်မယ်။ အဲဒီလို ကောက်ရမှာပေါ့။ ဘယ်လိုလုပ်ပါလို့ ညွှန်ကြားချက်မရှိဘူး။ အဆင်ပြေသလို လုပ်ကြရမှာပေါ့။ ရှင်းလင်းပြတဲ့အခါမှာလည်း မူအားဖြင့် ချမှတ်ပေးထားတာရှိမယ်။ အဲဒီမူအပေါ်မှာ အခြေခံဥပဒေရဲ့ အားနည်းချက် အားသာချက်တွေကို ရှင်းပြပြီးပြောရမှာပေါ့။”

ခရိုင်မြို့ကြီးတွေမှာ ပြည်သူလူထုနဲ့ တွေ့ဆုံဖို့ ဘယ်လိုမျိုး စီစဉ်ထားသလဲခင်ဗျ။

“ဒေသခံတွေကို ခေါ်တွေ့ထားတာတွေရှိပါတယ်။ တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ ဒေသခံကို ခေါ်တွေ့ထားတော့ ဒေသခံတွေက ပြင်ဆင်ပေးထားတဲ့အပေါ် ကျနော်တို့က ဟောပြော ရှင်းလင်းပွဲ လုပ်ရမှာပါခင်ဗျ။”

တချို့ဒေသတွေက ပွဲကျင်းပခွင့်မပေးတဲ့ ဒေသတွေမှာ ဒေသအာဏာပိုင်နဲ့ ပေါင်းစပ် ညှိနှိုင်းပြီးမှ ပြုလုပ်လို့ရမယ်လို့ ထင်ပါတယ်။ အန်ကယ် ဘယ်လို မြင်သလဲ မသိဘူး။

“ဒေသဆိုင်ရာမှာ ရှိတဲ့ လုပ်မယ့် ပုဂ္ဂိုလ်က ညှိနှိုင်းချင်လည်းညှိနှိုင်း၊ မညှိနှိုင်းချင်လည်း နေပေါ့ဗျာ။ အခင်းအကျင်းအရ လူစုဆောင်းထားပြီးရင်တော့ ကျနော်တို့က ပြောမှာပဲ။ အဲဒီအတွက် ကျနော်တို့က သူတို့ကို ဘာသဘောထားမှ မပေးထားဘူးဗျ။”

လွှတ်တော်ကဖွဲ့ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကလည်း သတင်းထုတ်ပြန်ပါတယ်။ သူတို့က လွှတ်တော်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ကနေတဆင့် ပြည်သူတွေဆီက ဆန္ဒသဘောထားတွေကို ရယူသွားမယ်။ အန်အယ်လ်ဒီလုပ်သလိုပဲ သူတို့ကလည်း လုပ်မယ့်သဘောပါ။ အဲဒီအပေါ်မှာကော ဘယ်လိုသဘောထားမှတ်ချက် ပေးချင်ပါသလဲခင်ဗျ။

“အဲဒါက ကောင်းတယ်ဗျ။ သူတို့ ၁၀၉ ဦးကလည်း သူတို့ဘာသာ ပြည်နယ်တွေကို ဆင်းကြမလား။ မဟုတ်ရင်လည်း တက်လာတဲ့ဟာတွေအပေါ်မှာ သုံးသပ်မလား။ သူတို့ ကိုယ်တိုင်ပဲ ကောက်ယူဖို့ ဆင်းမလားဆိုတာ ကျနော်တို့နဲ့မဆိုင်ဘူး။ များများ လူထုထဲကို ဆင်းပြီး ကောက်ယူလာနိုင်ရင်ပိုကောင်းတာပေါ့။ လွှတ်တော်ထဲမှာပဲ တ၀ဲလည်လည် မဖြစ်နေပဲ တကယ်လူထုရဲ့အသံကို ဆင်းနားထောင်မယ်ဆိုတဲ့ သဘောထားရှိရင်တော့ ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့က ကြိုဆိုရမှာပဲ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013