DVB Logo
Home
မြန်မာသတင်း
ဖားဆောင်း သတ္တုတွင်းသစ် ၁၆ ခု တူးဖော်မှု ကန့်ကွက်
DVB
·
October 4, 2013
ဖားဆောင်း သတ္တုတွင်းသစ် ၁၆ ခု တူးဖော်မှု ကန့်ကွက်
Donate to DVB

ကယားပြည်နယ်ရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် ဖားဆောင်းမြို့နယ်အတွင်း သတ္တုတွင်းသစ် ၁၆ ခု တူးဖော်နေတာကို ရပ်ဆိုင်းဖို့ လူမှုအဖွဲ့အစည်း ၂ ခုက အောက်တိုဘာ ၃ ရက်နေ့ရက်စွဲနဲ့ ပူးတွဲ တောင်းဆိုလိုက်ကြပါတယ်။

ကယားဒေသမှာ အရင်က သတ္တုတူးဖော်ရေး စီမံကိန်း ၃ ခုရှိရာကနေ ၁၆ ခုထိတိုးလာပြီး သဘာ၀၀န်းကျင်တွေ ထိခိုက်သလို ဒေသခံတွေရဲ့အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေလည်း ပပျောက်ကုန်လို့ မိုလိုအမျိုးသမီးများ သတ္တုတွင်း စောင့်ကြည့်လေ့လာရေးကွန်ရက်နဲ့ ကရင်နီလူမှုအဖွဲ့အစည်းကွန်ရက် (ကေစီအက်စ်အန်) တို့က ကန့်ကွက်ကြောင်း အောက်တိုဘာ ၃ ရက်နေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကရင်နီလူမှုအဖွဲ့အစည်းများကွန်ရက် ပြောခွင့်ရသူ ခူးမီရယ်က “အသစ်လျှောက်ထားတဲ့ ၁၆ ခုအပါအ၀င် ဩစတြေးလျနိုင်ငံ ကုမ္ပဏီတခုကနေ လုပ်ဆောင်မယ့် ဧက တသိန်း စီမံကိန်းအသစ်တွေကို ရပ်တန့်ပေးဖို့ ကန့်ကွက် တောင်းဆိုရခြင်း ဖြစ်တယ်။”

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) နဲ့ အစိုးရအကြား ၂၀၁၂ ခုနှစ် မတ်လကစပြီး အပစ်အခတ်ရပ်ရေး လက်မှတ်ထိုးပြီးနောက် ဖားဆောင်းမြို့နယ်ထဲမှာ အစိုးရခွင့်ပြုချက်နဲ့ သတ္တုတွင်းတွေ တိုးချဲ့လုပ်ဆောင်လာခဲ့တာလို့ ဆိုပါတယ်။

မော်ချီဒေသခံအမျိုးသမီး ဒေါ်အာခူက “အကယ်၍ သတ္ထုတွင်း လုပ်ကွက်ကို ထပ်ပြီး ခွင့်ပြုမယ်ဆိုရင် ကျနော်တို့ရဲ့ လုပ်ကိုင်စားသောက်မှု မြေနေရာတွေ ပျောက်ဆုံးသွားမယ်။ ဆုံးရှုံးသွားမယ်ဆိုတဲ့ အမြင်တွေ ပြည်သူလူထုဆီမှာ ရှိလာပါတယ်။”

ပြင်ဆင်ရေးဆွဲမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲမှာ တိုင်းရင်းသားဒေသတွေမှာ ရှိတဲ့ သယံဇာတအရင်းအမြစ်တွေကို ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့် မပေးသေးသရွေ့ သတ္တုစီမံကိန်း လုပ်ငန်းတွေရပ်စဲထားဖို့လည်း ကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013