DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးရန် လက်နက်ကိုင်အဖွဲ့များကို တိုက်တွန်းမည်
DVB
·
October 4, 2013
တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးရန် လက်နက်ကိုင်အဖွဲ့များကို တိုက်တွန်းမည်
Donate to DVB

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့အတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေကို တိုက်တွန်းသွားမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးက ပြောကြားပါတယ်။

[caption id="attachment_21082" align="alignright" width="300" caption="ဦး​အောင်နိုင်ဦး​"][/caption]

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို အခုလအတွင်း ကျင်းပဖို့ရှိ နေပြီး အဖွဲ့တစည်းတချို့က အဲ့ဒီလက်မှတ်ထိုးပွဲကို မတက်ဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် အခုလို တိုက်တွန်းတာလို့  မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) က ပရိုဂရမ်ဒါရိုက်တာ ဦးအောင်နိုင်ဦးက ပြောပါတယ်။

“လက်မှတ်ထိုးဖို့ အဆင့်သင့်မဖြစ်သေးဘူးဆိုရင်လည်း လက်မှတ်ထိုးဖို့အတွက် အမြဲတမ်း ဆက်လက်ပြီး ဆွေးနွေးသွားမယ်။ နောက်ပြီးတော့ စာကိုလည်း ဖွင့်ထားမယ်။ အချိန်မရွေး လာပြီးတော့ ထိုးနိုင်တယ်ပေါ့။ အဓိကကတော့ ကျနော်တို့အနေနဲ့အားလုံးကို လက်မှတ်ထိုးဖို့ အသေအချာ တိုက်တွန်းချင်ပါတယ်။"

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ ပြောခွင့်ရ နိုင်ဟံသာက တပ်နေရာချထားရေးနဲ့ တပ်ဘက်ဆိုင်ရာ နားလည်မှု အခိုင်အမာရှိမှ ထိုးဖို့သင့်တယ်လို့ ပြောကြားသွားပါတယ်။

“ပြည်နယ်အဆင့်မှာလည်း လက်မှတ်ထိုးပြီးပြီ။ ပြည်ထောင်စုအဆင့်မှာလည်း လက်မှတ်ထိုးပြီးပြီ။ အခု ထပ်ထိုးဖို့ ဘာကြောင့်လိုလဲပေါ့ အဲဒီကိစ္စကို မေးတယ်။ နောက် တချို့အဖွဲ့တွေက အပစ်ရပ် လက်မှတ်ထိုးပြီးပြီ ဆိုပေမယ့် တိုက်ပွဲပေါင်းက ရာနဲ့ချီပြီးတော့ ဖြစ်နေသေးတဲ့ အဖြစ်မျိုး ကျနော်တို့ မဖြစ်စေချင်ဘူး။ တပ်နေရာချထားရေး၊ တပ်လှုပ်ရှားခွင်တွေ၊ တပ်ဘက်ဆိုင်ရာ နားလည်မှု အခိုင်အမာရှိဖို့ လိုတယ်။ ဒါမှ ထိုးဖို့ သင့်တယ်။ နောက်ပြီး အပစ်ရပ်တယ်ဆိုတာက ဒီအတိုင်း ရပ်နေဖို့ မဟုတ်ဘူး။ နိုင်ငံရေးအရ ဆွေးနွေးဖို့ဖြစ်တယ်။ အဲတော့ ရှေ့ဆက်ပြီး နိုင်ငံရေးအရ ဆွေးနွေးဖို့ အခြေအနေတွေ၊ နားလည်မှုတွေ ရှိဖို့လည်း လိုတယ်။ ဒါကိုလည်း နေရာချပြီးတော့မှ၊ နားလည်မှု အခိုင်အမာရှိပြီးတော့မှ လက်မှတ်ထိုးဖို့ ကောင်းမယ်။”

ဒီမိုကရေစီအကူးအပြောင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးစားလာတာ အောင်မြင်မှုတွေ ရရှိခဲ့ပြီး ၂ နှစ်တာကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုပေါင်း ၁၄ ဖွဲ့နဲ့ အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ တအာင်း/ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (တီအန်အယ်လ်အေ) အဖွဲ့တွေပဲ ကျန်တယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

အခု ဒီလထဲမှာ ကျန်နေသေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ပြုလုပ်နေတယ်လို့ ပြောသွားပါတယ်။

အောက်တိုဘာလအတွင်း ကျင်းပဖို့ရှိတဲ့ တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးပွဲကို တက်မှာ မဟုတ်ဘူးလို့ ကေအိုင်အေ နဲ့ ကေအန်ပီပီ အဖွဲ့တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ကလည်း အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ပြီးခဲ့တဲ့နှစ်က ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်မှာပါ လက်မှတ်ရေးထိုးခဲ့ပေမယ့် တိုက်ပွဲတွေ အကြိမ်ပေါင်း ၁၃၀ ကျော် ပြန်ဖြစ်ခဲ့တယ်လို့ အောက်တိုဘာ ၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013