DVB Logo
Home
မြန်မာသတင်း
မြိတ်ဆန္ဒပြပွဲ ပြည်သူသိန်းချီပါဝင်၊ ညအချိန်ဖမ်းဆီးမှုများကိုတားဆီးရန် ပြည်သူများ လုံခြုံရေး ချထားမည်
DVB
·
February 13, 2021
မြိတ်ဆန္ဒပြပွဲ ပြည်သူသိန်းချီပါဝင်၊ ညအချိန်ဖမ်းဆီးမှုများကိုတားဆီးရန် ပြည်သူများ လုံခြုံရေး ချထားမည်
1 / 7
Donate to DVB

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကို တနင်္သာရီတိုင်း မြိတ်မြို့မှာရှိတဲ့ ပြည်သူပေါင်း သိန်းနဲ့ချီပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ၇ ရက်မြောက်နေ့အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို စုပေါင်းသပိတ် စတင်ချိန်မှာပဲ ရဲတပ်ဖွဲ့က လာရောက်တားဆီးတဲ့အတွက် မူလ လမ်းကြောင်းအတိုင်း မပြတော့ပဲ အခြားလမ်းကြောင်းကနေ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူတွေက မြိတ်မြို့မှာရှိတဲ့ ဝန်ထမ်းအိမ်ရာတွေရှေ့မှာ သွားရောက်ဟောပြောခဲ့ကြပြီး စစ်အစိုးရ ယန္တရားအောက်မှာ အလုပ်မလုပ်ကြဖို့နဲ့ CDM လှုပ်ရှားမှုမှာ ပြည်သူတွေ အခြားဝန်ထမ်းတွေနဲ့အတူ လာရောက်ပူးပေါင်းပေးကြဖို့ကို ဟောပြောခဲ့ကြပါတယ်။

ဒါ့အပြင် ညပိုင်းအချိန်တွေမှာ ဝင်ရောက်ဖမ်းဆီးတာတွေ နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ အခြားဒေသတွေမှာ ပြုလုပ်လာတဲ့အတွက် ရပ်ကွက်နေပြည်သူတွေ စုပေါင်းပြီး လုံခြုံရေးကင်းချကာ ဆောင်ရွက်သွားမှာဖြစ်ပြီး အရေးပေါ် တစုံတရာ ဖြစ်ပေါ်လာပါက အချက်ပေးသံပုံးတီးမှုတွေပြုလုပ်မှာဖြစ်တဲ့အတွက် အဲဒီလိုအချက်ပေးသံကြားတဲ့အခါမှာ ပြည်သူတွေအနေနဲ့ လာရောက်ပူးပေါင်းကြဖို့ကိုလည်း ဟောပြောပွဲကနေတစ်ဆင့် မေတ္တာရပ်ခံထားပါတယ်။

တနင်္သာရီတိုင်း အတွင်းမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို တစ်နေ့ထက်တစ်နေ့ အရှိန်ဟုန်မြှင့်ဆောင်ရွက်နေကြပြီး တနင်္သာရီတိုင်း အတွင်းက အခြားမြို့နယ်တွေနဲ့ ကျွန်းပေါ်မှာနေထိုင်တဲ့ ဌာနေတိုင်းရင်းသားတွေအနေနဲ့လည်း နေ့စဥ်လို စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လာတာကို မြင်တွေ့နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013