DVB Logo
Home
မြန်မာသတင်း
မန္တလေး ဆင်ဖြူကန်ကွင်း ပျိုးပင်အရောင်းဆိုင်များကို ဖယ်ရှားခိုင်း
DVB
·
October 4, 2013
မန္တလေး ဆင်ဖြူကန်ကွင်း ပျိုးပင်အရောင်းဆိုင်များကို ဖယ်ရှားခိုင်း
1 / 5
Donate to DVB

မန္တလေးမြို့ ဆင်ဖြူကန်ကွင်းအတွင်းမှာ ရှိတဲ့ ပျိုးပင်အရောင်းဆိုင်နဲ့ ပျိုးဥယျာဉ်ခြံတွေကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နဲ့ ကလေးကစားကွင်းဌာနက ဆက်လက် မငှားရမ်းတော့ပဲ ဖယ်ရှားခိုင်းလိုက်လို့ အရောင်းဆိုင်မိသားစုတွေ အခက်တွေ့နေကြပါတယ်။

ပန်းပျိုးပင် အရောင်းဆိုင်ရှင်တဦးဖြစ်တဲ့ ဦးခင်စိုးက “စာချုပ်ထဲမှာလဲ ပါပါတယ်။ နိုင်ငံတော်ရဲ့ စီမံကိန်းရှိမှသာလျှင် ကျနော်တို့ကို ဖျက်သိမ်းဖို့ ပြောထားပေမယ့် ကျနော်တို့ မေးပါတယ်။ စီမံကိန်းဆိုတာ ဘာလဲ၊ နိုင်ငံတော်အတွက် တကယ်လုပ်မယ်၊ နိုင်ငံတော်အတွက် တကယ်ထိရောက်တဲ့  ဆေးရုံတို့၊ ကျောင်းတို့ ဒါမျိုး ဆိုလို့ရှိရင် ကျနော်တို့ ၅ မိနစ်မနေပါဘူး၊ ဖယ်ပေးလိုက်ဖို့ အဆင်သင့်ပါ။ အဲတိုင်းလည်း တင်ပြထားပါတယ်” လို့ ပြောပါတယ်။

ဦးခင်စိုး
ဆင်ဖြူကန်ကွင်းဟာ အရင်တုန်းက သင်္ချိုင်းမြေနေရာပါ။  ၁၉၉၀ နောက်ပိုင်းမှာ ကွင်းတခုလုံး ရှင်းလင်းလိုက်ပြီး ပြပွဲကွင်းနဲ့ အားကစားကွင်းအဖြစ် အသုံးပြုခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ပျိုးပင်အရောင်းဆိုင်နဲ့ ပျိုးဥယျာဉ်ဆိုင်တွေ တည်ဆောက်ဖွင့်လှစ်ခွင့် ပြုခဲ့တဲ့အတွက် အခုချိန်ထိ  ဆက်လက်တည်ရှိနေခဲ့တာပါ။

ဦးခင်စိုးက “သင်္ချိုင်းမြေကို စကတည်းက လုပ်ခဲ့ရတဲ့ ဒုက္ခ၊ သုက္ခတွေ အားလုံးအဆင်ပြေလာတဲ့ အခါကျမှ ဒီချမ်းသာတဲ့အုပ်စုတွေကို သူတို့က ပေးပြီးတော့ ကျနော်တို့လို ဒုက္ခခံခဲ့တဲ့ အဖွဲ့အစည်း အကုန်လုံးကို ဖျက်ခိုင်းနေတဲ့အတွက် ကျနော်တို့က သတင်းစာရှင်းလင်းပွဲနဲ့ ကျနော်တို့က အကူအညီတောင်းခံခဲ့ရပါတယ်။ အထက်ကိုလည်း ကျနော်တို့ စာတွေ ပို့ထားပါတယ်” လို့ ပြောပါတယ်။

ဆင်ဖြူကန်ကွင်းအတွင်းမှာရှိတဲ့ ILBC ကျောင်း၊ လမင်းကားမောင်းသင်တန်း၊ စားသောက်ဆိုင်တန်းနဲ့ ဖက်ရှင်ပစ္စည်းအရောင်းဆိုင်တွေကိုတော့ ဖယ်ရှားခိုင်းတာ မရှိဘဲ ပျိုးဥယျာဉ်ခြံမိသားစုတွေကိုသာ ဖယ်ရှားခိုင်းတဲ့အတွက် မဖယ်ရှားလိုကြောင်း မန္တလေး မြို့တော်ဝန်အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ စာပို့ထားတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဆင်ဖြူကန်ကွင်းဟာ မန္တလေးတောင်ဘက်ပိုင်းမှာ အချက်အချာ ကျတဲ့နေရာ ဖြစ်လာပြီး စီးပွားရေးလုပ်ငန်းရှင်တွေ မျက်စိကျလာတဲ့အတွက် စတင်ပြုပြင်ကတည်းက ဖွင့်လှစ်လာခဲ့တဲ့ ဆိုင်တွေကို ဖယ်ရှားခိုင်းတာဖြစ်တယ်လို့ မူလ ဆိုင်ရှင်တွေက ယူဆထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013