DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်း လုံခြုံရေးတဲဆောက်မှုကြောင့် ဒေသခံများနှင့်အခြေအတင်ဖြစ်
DVB
·
October 3, 2013
ကြေးနီစီမံကိန်း လုံခြုံရေးတဲဆောက်မှုကြောင့် ဒေသခံများနှင့်အခြေအတင်ဖြစ်
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းဒေသ ကြေနီးစီမံကိန်းဧရိယာအတွင်း ၀က်မှေးရွာ အနောက်ဘက် တောင်ခြေနားမှာ ရဲလုံခြုံရေးတဲတွေ လာဆောက်တဲ့အတွက် ရွာသားတွေနဲ့ အခြေအတင် ဖြစ်ခဲ့ကြပါတယ်။

ဒီမြေနေရာတွေဟာ ရွာသားတွေပိုင်ဆိုင်ပြီး မြေယာလျော်ကြေးလည်း မယူထားတဲ့အတွက် ရွာသားတွေက လက်မခံဘဲ အခြေအတင် ဖြစ်ခဲ့တာလို့ ၀က်မှေးရွာသားတဦးက ပြောပါတယ်။

“၀က်မှေးရွာအနောက်ဘက် တောင်ခြေနားမှာ ရဲတွေ နေစရာမရှိလို့ဆိုပြီး မုံရွာမြို့နယ် ခရိုင်မှူးက ပြောတယ်။ ကျနော်တို့က လက်မခံနိုင်ဘူးလို့ ပြောတယ်။ ဒါတွေဟာ မြေယာလျော်ကြေးယူထားတဲ့ မြေတွေ မဟုတ်ဘူးလို့။ ကျနော်တို့ ညှိနှိုင်း ဆွေးနွေးဖို့အတွက် မြေယာစောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌကိုလည်း ဖိတ်ခေါ်ထားတယ်။ စာတွေလည်း အများကြီး တင်ထားတယ်လို့ ပြောတယ်။ အဲဒါကြောင့် ကျနော်တို့ဘက်မှာ လာပြီးမဆောက်ဖို့ မေတ္တာရပ်ခံတာပေါ့။”

ညှိနှိုင်းလို့မရဘဲ မုံရွာမြို့နယ် ခရိုင်တာဝန်ရှိသူတွေကတော့ လုံခြုံရေးတဲတွေ ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။

“သူတို့ဘက်ကတော့ ဆောက်ရမှာပဲပေါ့ဗျာ။ နောက်မဆုတ်ဘူး။ ပထမ ၉ လပိုင်း ၂၃ ရက်က တခါဖြစ်တယ်။ အဲဒီတုန်းကတော့ ပြေလည်တယ် မြို့နယ်မှူးနဲ့။ အခုခရိုင်မှူးနဲ့ ဆက်မလုပ်ဖို့ ကျနော်တို့က ပြောတယ်။ ဒါပေမယ့် သူတို့က ဆက်လုပ်မယ့် အစသဘောရှိတယ်။ ကျနော်တို့ဘက်က နောက်မဆုတ်ဘူးဆိုရင် သူတို့ဘက်က ဖြိုခွဲဖို့အထိ အစီစဉ်ရှိတယ်။”

ဒီနောက် ဆက်ဆံရေးရုံးကို ဆွေးနွေးညှိနှိုးဖို့ မြို့နယ်မှူးက ပြောတဲ့အတွက် ဒေသခံတွေ လိုက်သွားကြပြီးနောက်ပိုင်းမှာ လုံခြုံရေးတဲတွေကို ဆက်လက်ဆောက်လုပ်နေကြလို့ ညှိနှိုင်းဆွေးနွေးမှု မအောင်မြင်ခဲ့ကြောင်း ၀က်မှေးရွာသားက ပြောပါတယ်။

“ဆက်ဆံရေးရုံးမှာ ညှိနှိုင်းတာ လုံးဝအဆင်မပြေဘူး။ ညှိနှိုင်းနေတုန်းပဲ ရွာကလူတွေက လှမ်းအကြောင်းကြားလို့ သူတို့ကို ဖယ်ခိုင်းပေးဖို့ပြောတာ တာဝန်မယူနိုင်ဘူးလို့ ပြောတယ်။ သတ္တုတွင်း ၀န်ကြီးရယ်၊ ဆားလင်းကြီးမြို့နယ်မှူးက ပြောတယ်ဗျ။”

လုံခြုံရေးတဲတွေ ဆက်လက်ဆောက်လုပ်မယ်ဆိုရင် အောက်တိုဘာ ၁၀ ရက်နေ့မှာ ဆန္ဒပြမှာဖြစ်ပြီး အခုစာတင်ဖို့ လုပ်နေတယ်လို့ ပြောပါတယ်။

ဒီအနေခြေအနေတွေနဲ့ပတ်သက်လို့ မုံရွာမြို့နယ် ခရိုင်မှူးကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရ ဖြစ်နေပါတယ်။

အခု လုံခြုံရေးတဲတွေ ဆောက်လုပ်နေတဲ့ မြေယာတွေအတွက် လျော်ကြေးကိစ္စ တာဝန်ရှိတွေကို ညှိနှိုင်းဆွေးနွေးဖို့ ဖိတ်ခေါ်ထားပေမယ့် အခုချိန်ထိ မလာဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း လက်ပန်းတာင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း လယ်တီ သာသနိက အဆောက်အအုံ မဖြိုဖျက်ရေးအတွက် မန္တလေး အမရပူရမှ လယ်တီသာသနိက အဆောက်အအုံအထိ လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ချီတက်လမ်းလျှောက်သူတွေနဲ့ တာဝန်ရှိသူတွေ ညှိနှိုင်းခဲ့ကြပြီး လယ်တီသိမ်နဲ့စေတီကို မူလနေရာကမရွှေ့ရေး လွှတ်တော်ကို တင်ပြဆွေးနွေးစဉ် မည်သည့်အကြောင်းနဲ့မျှ မဖျက်ဆီး၊ မပြောင်းရွှေ့ဖို့။ ဘုရားဖူးပြည်သူ ၅ ယောက်ထက်မပို ဖူးမြော်နိုင်ဖို့ (၃ရက်အတွင်း ခွင့်ပြုမိန့်တောင်းရမည်)။ လမ်းလျှောက်ချီတက်လာသူတွေကို အရေးယူမှု မပြုဖို့ စတဲ့ အချက် ၃ ချက်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013