
ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြုလုပ်တဲ့ ပဲခူးမြို့က စစ်အာဏာသိမ်းဆန့်ကျင်ရေး အထွေထွေသပိတ် ၅ ရက်မြောက်နေ့မှာ ဌာနစုံဝန်ထမ်းတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
လျှပ်စစ်၊ မြန်မာ့စီးပွားရေးဘဏ်၊ ပုဂ္ဂလိကဘဏ်၊ ကျန်းမာရေး၊ အင်ဂျင်နီယာ၊ စတဲ့ ဌာနဆိုင်ရာ ဝန်ထမ်း အတော်များများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာကြသလို မွန်လူမျိုးတွေနဲ့ စက်ရုံဝန်ထမ်းတွေလည်း အတော်များများပါလာကြပါတယ်။
ဒီကနေ့မှာတော့ ပဲခူးမြို့ရဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှာမှုကို လမ်းကြောင်း ၃ ကြောင်းခွဲပြီး လမ်းကြောင်း ၁ ခုစီမှာ အင်အားသိန်းချီတဲ့လူထုကြီးနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။











