DVB Logo
Home
သတင်းတို
အလုပ်ဖြင့်နေထိုင်သည့် နိုင်ငံခြားသားများကို ကာလရှည်နေခွင့် ပေးပြီ
DVB
·
October 3, 2013
အလုပ်ဖြင့်နေထိုင်သည့် နိုင်ငံခြားသားများကို ကာလရှည်နေခွင့် ပေးပြီ
Donate to DVB

မြန်မာအစိုးရက နိုင်ငံခြားသားကျွမ်းကျင်သူပညာရှင်တွေနဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ကာလရှည် သက်တမ်းတိုးနေထိုင်ခွင့် ထောက်ခံချက်ကို ထုတ်ပေးနေပါတယ်။

နိုင်ငံခြားသားကျွမ်းကျင်သူပညာရှင်တွေနဲ့ နိုင်ငံခြားသားလုပ်ငန်းရှင်တွေအတွက် ပြည်ဝင်ခွင့် ဗီဇာ ကာလရှည် နေထိုင်ခွင့်ရရေးကို အစိုးရ၊ လုပ်ငန်းရှင်များနဲ့ ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲဖွံ့ဖြိုး တိုးတက်ရေးဆပ်ကော်မတီတို့ ညှိနှိုင်းပြီးနောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီဌာနက ခွင့်ပြုချက် ထုတ်ပေးမှာဖြစ်ပါတယ်။

နေထိုင်ခွင့်ဗီဇာနဲ့ ပြည်ဝင်ခွင့်ဗီဇာတွေအတွက် ကာလရှည်သက်တမ်းတိုးနေထိုင်ခွင့် လျှောက်တာများတဲ့အတွက် အခုလိုထုတ်ပေးရတာလို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီဌာနမှ တာဝန်ရှိသူက ပြောပါတယ်။
“နေထိုင်ခွင့်ဗီဇာနဲ့ ပြည်ဝင်ခွင့်ဗီဇာအတွက် လျှောက်တဲ့အပေါ်မူတည်ပြီး အပြည်ပြည်ပြန်ဝင်ခွင့် ဗီဇာတွေကို တနှစ်ပေးလိုက်ပါတယ်။ တနှစ်ကုန်ရင်တော့ ထပ်တင်ရမှာပေါ့။ ထပ်တင်တဲ့အခါမှာ  ဟိုဘက်က လူဝင်မှုကြီးကြပ်ရေးရဲ့ ထောက်ခံချက်လိုတယ်လို့ ပြောထားပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ပါမစ်မယူပဲနဲ့ လုပ်တဲ့ ဗီဇာသမားတွေက ဗီဇာတိုးဖို့ အခက်အခဲဖြစ်တယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီဌာနကနေ MIC အတွက်ကိုလည်း ပေးတယ်။ MIC နဲ့ မလုပ်တဲ့ ကုမ္ပဏီတွေအတွက်ကိုလည်း ပေးတယ်။”
ဒီအစီအစဉ်မတိုင်ခင်က လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် (ပီအာရ်) စနစ်ကို လွတ်တော်ကို တင်သွင်းသွားဖို့ ရှိနေပြီး အမြဲတမ်းနေထိုင်ခွင့်ထဲမှာ နိုင်ငံခြားသားပညာရှင်တွေအကြောင်း အမျိုးမျိုးကြောင့် နိုင်ငံပြင်ပရောက်နေတဲ့ မြန်မာပြည်သားတွေပါဝင်ပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပီအာရ်ဌာနက ဦးဝင်းရှိန်ကလည်း သူတို့ ဌာနအနေနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက သတ်မှတ်ထားတဲ့   ထောက်ခံချက်တွေ အပြည့်အစုံ တင်ပြနိုင်ပါက ကာလရှည်နေထိုင်ခွင့်တွေ ပေးသွားမယ်လို့ ပြောပါတယ်။

“သွင်းကုန်ထုတ်ကုန် လုပ်နေတဲ့ ကုမ္ပဏီတွေ ဖြစ်ရမယ်။ ကုမ္ပဏီရဲ့ မှတ်ပုံတင် မိတ္တူ၊ ဖွဲ့စည်းပုံ မိတ္တူ၊ ထလက မိတ္တူ၊ အသင်းဝင်ကတ် မိတ္တူ၊ ၂၀၁၃ ခုနှစ် ကုန်သွယ်မှု အခြေပြဇယား၊ သက်ဆိုင်နိုင်ငံခြားသားရဲ့ သံရုံးထောက်ခံချက်မူရင်း၊ ရပ်ကွက်အုပ်ချုပ်မှုထောက်ခံချက် မူရင်း၊ မြို့နယ် လ၀က ထောက်ခံချက်မူရင်း၊ မြို့နယ် လ၀က ထုတ်ပေးထားတဲ့ ရောက်ရှိကြောင်း အစီရင်ခံစာ မိတ္တူ အဲဒါလေးတွေ ပြည့်စုံရင် ကျနော်တို့ဆီလာခဲ့လိုက်ပါ။ ကူညီပေးပါ့မယ်။ ”

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကလည်း မြန်မာနိုင်ငံရောက် နိုင်ငံခြားသားများ သွားလာရေး လွယ်ကူဖို့အတွက် ငါးနှစ်သက်တမ်းရှိ ကားမောင်းခွင့် ဘီလိုင်စင်တွေ ထုတ်ပေးနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013