DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေး
DVB
·
February 12, 2021
နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေး
Donate to DVB

DVB

နိုင်ငံတဝန်း အကျဉ်းထောင်/အချုပ်ထောင် အသီးသီးမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မတိုင်မီ ပြစ်မှုတခုခုနဲ့ ပြစ်ဒဏ်ကျခံပြီးသော အကျဉ်းသား/သူများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ အာဏာသိမ်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၀၄၊ ပုဒ်မခွဲ (က) အရ သေဒဏ်ကျခံနေရသူတွေကို ထောင်ဒဏ်(တစ်သက်)လွတ်ရက်မရှိပြစ်ဒဏ်၊ ထောင်တစ်သက်နဲ့ နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်နှစ် ၄၀ (ယခင်ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့်များအရ သေဒဏ်မှ ထောင်တစ်သက်ပြောင်းလဲထားသူများမပါ)၊ ယခင်ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန်များအရ သေဒဏ်မှ ထောင်တစ်သက်ပြောင်းလဲထားသူတွေကို ထောင်ဒဏ် နှစ် ၅၀၊ ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၄၀၊ ထောင်ဒဏ် နှစ် ၄၀ နဲ့ အောက် ကျခံနေသူတွေကို ကျခံနေရတဲ့ ပြစ်ဒဏ်ရဲ့ လေးပုံတစ်ပုံ အသီးသီး လျော့ပေါ့ကျခံစေဖို့ ပါဝင်ပါတယ်။

ဒါ့အပြင် အကျဉ်းထောင်နဲ့ အချုပ်ထောင်အသီးသီးမှာ နိုင်ငံခြားသား အကျဉ်းသား/သူ ၅၅ ဦးတို့ကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ နောက်တကြိမ် ပြစ်မှုထပ်ကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် အခုကျခံနေရတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမည်ဟူသော စည်းကမ်းချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013