DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့က ဖမ်းဆီးခံ ကျောင်းသားပြည်သူ ၁၀ ဦး ပြန်လွတ်
DVB
·
February 12, 2021
ဘားအံမြို့က ဖမ်းဆီးခံ ကျောင်းသားပြည်သူ ၁၀ ဦး ပြန်လွတ်
1 / 6
Donate to DVB

DVB

ဖေဖော်ဝါရီ ၁၁ ရက်မနက် ၇  နာရီခွဲခန့်က စစ်အာဏာရှင်စနစ်ဖြုတ်ချရေး  ဆန္ဒထုတ်ဖော်ပွဲလာရောက်တဲ့ ပြည်သူတချို့နဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဆီးပြီး ထိန်းသိမ်းခေါ်ဆောင်သွားခဲ့တာပါ။

ကရင်ပြည်နယ် ဘားအံမြို့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး ဆန္ဒထုတ်ဖော်ပွဲ လာရောက်လို့ ဖမ်းဆီးထားတဲ့ ကျောင်းသားပြည်သူ ၁၀ ဦးကို မနေ့ ညန ၇ နာရီလောက်က ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

စတုတ္ထမြောက်ရက်နေ့အဖြစ် ဆန္ဒထုတ်ဖော်ပွဲအတွက် စုရပ်အဖြစ် သတ်မှတ်ထားတဲ့ အထက ၁ ကျောင်းရှေ့မှာ ရဲအင်အားအလုံးအရင်းနဲ့ ဆန္ဒထုတ်ဖော်ပွဲလာရောက်တဲ့သူတွေကို စောင့်ဆိုင်းဖမ်းဆီးသလို မြို့အဝင်တွေမှာပါ စောင့်ဆိုင်းဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံ ကျောင်းသား​ပြည်သူတချို့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ​ဘားအံရဲစခန်းရှေ့မှာ တောင်းဆိုခဲ့တဲ့အတွက် ဘားအံရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျောင်းသား  ၃ ဦးပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

ဆက်လက်ပြီး မြို့နယ်တရားရုံမှာ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းထားသူ ၇ ဦးကိုလည်း ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် ပညာရေးဝန်ထမ်းဆရာမ တစ်ဦးနဲ့ ပြည်သူတချို့ကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားမှန်း မသိရသေးပါဘူး။

"ကျနော် အခုလိုဖမ်းဆီးခံရလည်း နောက်နေ့တွေမှာ ဆက်ပြီးဆန္ဒပြသွားမှာပါ" လို့ ဖမ်းဆီးခံခဲ့ရတဲ့  မောင်မြတ်သူရကျော်က ပြောပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ ကိုယ်တိုင်ပါဝင်တဲ့ ပညာရေးဝန်ထမ်း တစ်ဦးက "ဒါကလုံးဝ မတရားဘူး။ အစကတည်းက တိကျတဲ့ဥပဒေမရှိဘူး။ ကြိုက်သလို ခေါင်းစဥ်တပ်ပြီးတော့ ဖမ်းတာ။  ကျောင်းသားတွေက အမြဲတမ်းဖိနှိမ့်ခံပုံစံဖြစ်နေတယ်။ ဒီမနက်လည်း ဥပဒေမရှိဘဲ ခေါင်းစဥ်လိုသလိုတပ် ဖမ်းသွားတယ်။ တရားမျှတမှု လုံးဝမရှိဘူးလို့ ခံစားရတယ်"လို့ ပြောပါတယ်။

အင်းအားသုံးဖမ်းဆီးရာမှာ ဒေသခံတွေစီးနင်းလာတဲ့ မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်တွေကိုပါ ဖမ်းဆီးသွားခဲ့တာပါ။

ဘားအံမြို့နယ်၊ နောင်လုံကျေးရွာမှာပြုလုပ်တဲ့ ကရင်အမျိုးသားနေ့အခမ်းအနားကို တက်ရောက်ဖို့လာရောက်တဲ့ သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013