DVB Logo
Home
မြန်မာသတင်း
လိပ်သိုလ်မြို့နယ်ခွဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး အမျိုးသမီးကို ဆန္ဒပြပွဲပါဝင်မှုဖြင့် တာဝန်ကရပ်စဲ
DVB
·
February 11, 2021
လိပ်သိုလ်မြို့နယ်ခွဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး အမျိုးသမီးကို ဆန္ဒပြပွဲပါဝင်မှုဖြင့် တာဝန်ကရပ်စဲ
Donate to DVB

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုလ်မြို့နယ်ခွဲက ရပ်ကျေးအဆင့်အမျိုးသမီး အုပ်ချုပ်ရေးမှူးတစ်ဦးကို ဆန္ဒဖော်ထုတ်ပွဲလိုက်ပါတယ်ဆိုပြီး တာဝန်က ရပ်စဲခံခဲ့ရတယ်လို့ သိရပါတယ်။

 မြို့ နယ်အုပ်ချုပ်ရေးမှူး (ယခုကောင်စီဥက္ကဋ္ဌ) ရဲ့ လက်မှတ်နဲ့ တာဝန်က ရပ်စဲခံခဲ့ရတယ်လို့ ကာယကံရှင် ဒေါ်ခေတ္တာဆွေဝင်းက ပြောပြပါတယ်။

“ကျမက ဆန္ဒဖော်ထုတ်ပွဲကိုဦးဆောင်တာမျိုးမဟုတ်ဘူး။ နေ့တိုင်း  လိုက်ပါ ဆန္ဒပြတယ်။ စာမှာ ရေးထားတာ အခုလ ၉ ရက်က ထုတ်ပြန်ထားတာ ဖြစ်ပေမယ့် မနေ့ကမှ စာကိုရပါတယ်။” 

လိပ်သိုလ်မြို့ နယ်ခွဲအမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ခေတ္တာဆွေဝင်းဟာ ဖေဖော်ဝါရီ ၈ ရက်နေ့က ဆန္ဒဖော်ထုတ်ပွဲမှာ စစ်အာဏာရှင်စနစ်ကျဆုံရှုံးပါစေ ဆိုင်းဘုတ်ကိုင်ပြီး လိုက်ပါခဲ့တာကြောင့် အုပ်ချုပ်ရေးလုပ်ငန်းနဲ့ မကိုက်ညီသော နိုင်ငံရေးလှုပ်ရှားမှူမှာ ပါဝင်ခဲ့တာလို့ စာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

သံတောင်ကြီးမြို့နယ် လိပ်သိုလ်၊ သံတောင်နဲ့ သံတောင်ကြီးမြို့နယ်တွေမှာ အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှု နေ့စဉ်ပြုလုပ်နေပြီး ဒီနေ့ဆန္ဒပြပွဲမှာလည်း ဌာနဆိုင်ရာအချို့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ရဲထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013