DVB Logo
Home
မြန်မာသတင်း
တောင်ငူ NLD အလုပ်အမှုဆောင်တစ်ဦးကို ပုဒ်မ ၁၈၈ ဖြင့်ဖမ်းဆီးပြီး ထောင်ဒဏ် ၃ လချ
DVB
·
February 11, 2021
တောင်ငူ NLD အလုပ်အမှုဆောင်တစ်ဦးကို ပုဒ်မ ၁၈၈ ဖြင့်ဖမ်းဆီးပြီး ထောင်ဒဏ် ၃ လချ
Donate to DVB

ပဲခူးတိုင်းဒေသကြီး  တောင်ငူမြို့နယ် NLD အလုပ်မှုဆောင်ကော်မတီဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုမင်းဆွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဖမ်းစီးခဲ့ပြီးနောက် ညနေပိုင်းမှာ တောင်ငူမြို့ နယ်တရားရုံးက ထောင်ဒဏ်သုံးလ ချမှတ်ခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

“အခုလ ၉ ရက်နေ့က လူမှုကွန်ရက် အိုင်ကွန်ရှေ့မှာ လူစုမယ်ဆိုပြီး စာရေးတင်တာကို ထွေအုပ် အခု‌ စီမံခန့်ခွဲမှုကောင်စီက တရားလိုလုပ်တာပါ။ ဥပဒေဖော်ပြပါအချက်အရ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတစ်ကျ ထုတ်ပြန်ကြေညာထားတဲ့ အမိန့်ကိုဖီဆန်တယ်လို့ပါတယ်” လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

တောင်ငူမြို့နယ် NLD  ပါတီအလုပ်အမှုဆောင်ကော်မတီဝင် ကိုမင်းဆွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ချက်ချင်းရုံး တင်တရားစွဲဆို ထောင်ချခဲ့တာလို့ ဆိုပါတယ်။

အမှုကိစ္စနဲပတ်သက်ပြီး မိသားစုဝင်တွေက သွားရောက်စုံစမ်းမေးမြန်းတဲ့အခါ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတစ်ကျ ထုတ်ပြန်‌ကြေညာထားတဲ့ အမိန့်ကိုဖီဆန်ခြင်း ဥပဒေပုဒ်မ ၁၈၈(ခ) နဲ့ မြို့နယ်အုပ်ချုပ်ရေးစံမံခန့်ခွဲမှုကောင်စီက တရားလိုလုပ် အမှုဖွင့်လှစ်တိုင်ကြားခဲ့တယ်ဆိုတာ သိရတယ်လို နီးစပ်သူတွေက ပြောပါတယ်။

တောင်ငူမြို့နယ်အတွင်း ပြီးခဲ့တဲ့ ၄ ရက်လောက်ကစတင်ပြီး အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အဆက်မပြတ် လုပ်ဆောင်နေပြီး ဒီနေ့မနက်ကလည်း အင်အား သိန်းနဲ့ချီ လုံခြုံရေးရယူထားတဲ့နေရာတွေကို ရှောင်ကွင်းကာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ရဲထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013