DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်ကိုအရေးယူရန် ကုလလူ့အခွင့်အရေးကောင်စီကို တိုက်တွန်း
DVB
·
February 11, 2021
မြန်မာစစ်တပ်ကိုအရေးယူရန် ကုလလူ့အခွင့်အရေးကောင်စီကို တိုက်တွန်း
Donate to DVB

 မြန်မာ့အရေးအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဖေဖော်ဝါရ ၁၁ရက်နေ့ အထူးအစည်းအဝေး ကျင်းပမယ့် ကြေညာချက်ကို ပထမခြေလှမ်းအဖြစ် ကြိုဆိုပေမဲ့  လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အရေးယူဆောင်ရွက်ချက်တွေလုပ်ဖို့ လိုအပ်တယ်လို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး Amnesty International က ပြောဆိုလိုက်ပါ တယ်။

မြန်မာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို တုံ့ပြန်ဖို့ နိုင်ငံတကာ လူ့အဖွဲ့အစည်းဟာ နည်းလမ်းအားလုံးကိုသုံးဖို့ မဖြစ်မနေ အရေးကြီးတယ်၊ မြန်မာစစ်တပ် ခေါင်းဆောင်မှုထဲမှာ နိုင်ငံတကာဥပဒေကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်သူတွေလို့ စွပ်စွဲခံရသူတွေ ပါနေပြီး သူတို့ကျူးလွန်တဲ့ ဖိစီးနှိပ်စက်မှုတွေ အလွဲသုံးစားမှုတွေကို မစစ်ဆေးဘဲ ဆက်နေခွင့် မပြုနိုင်ဘူးလို့ Amnesty International ရဲ့ သုတေသန ဆိုင်ရာ ဒေသတွင်း ဒုညွှန်မှူး အီမာလင်း ဂီးလ်က  ပြောပါတယ်။

“ဖြုန်းဖို့ အချိန်မရှိတော့ဘူး ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ခုထိ လူ ၁၅၀ထက် မနည်း အဖမ်းခံရပြီးပြီ အရပ်သားအစိုးရ အဖွဲ့ဝင်တွေလည်း နေအိမ်အကျယ်ချုပ် နေရဆဲပဲ လူ့အခွင့်အရေး ခုခံကာကွယ်သူ အများအပြားလည်း ပုန်းနေရတယ်။ နေရပ်ရှောင် ဒုက္ခသည်တွေ တိုင်းရင်းသား လူနည်းစုတွေနဲ့ ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေက လူတွေကို အထူးသဖြင့် စိုးရိမ်တယ်။ စစ်တပ်က ဘာလုပ်နိုင်တယ်ဆိုတာ ကျမတို့ သိတယ်”လို့  သူက ဆက်ပြောပါတယ်။

နိုင်ငံတဝန်း ထောင်သောင်းချီတဲ့ လူတွေဟာ အဖမ်းခံ အရိုက်ခံရနိုင်တဲ့ ဘေးကို ရင်ဆိုင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြပြီး စစ်အာဏာသိမ်းတာကို ဆန့်ကျင်နေကြတယ်။ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် အသင်းဖွဲ့စည်းပိုင်ခွင့် နဲ့ စုဝေးနိုင်ခွင့် တွေ ကို ကျင့်သုံးနေသူတွေ အားလုံးအတွက် နိုင်ငံတကာ လူ့အဖွဲ့အစည်းက မတ်တပ်ထရပ်ရမယ်။ သူတို့ မထိခိုက်အောင် ကာကွယ်ဖို့ စွမ်းအားရှိသမျှ အကုန်လုပ်ရမယ် လို့လည်း သူက ပြောပါတယ်။

လူ့အခွင့်အရေး ကောင်စီရဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အရေးယူ ဆောင်ရွက်ချက်တွေဟာ မြေပြင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နောက်ထပ် ဖြစ်မလာအောင် ဟန့်တားရာမှာ မရှိမဖြစ် အရေးပါသလို နိုင်ငံတွေဟာ ဒီသီတင်းပတ် အထူး အစည်းအဝေး ကနေ အဓိပ္ပာယ်ရှိတဲ့ ရလဒ် ထွက်အောင် လုပ်ဆောင်ရမယ်လို့လည်းတိုက်တွန်းပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013