DVB Logo
Home
မြန်မာသတင်း
ထားဝယ်စီးပွားရေးဇုန်တွင် ဂျပန် ပါဝင်ရန် တွက်ချက်နေ
DVB
·
October 2, 2013
ထားဝယ်စီးပွားရေးဇုန်တွင် ဂျပန် ပါဝင်ရန် တွက်ချက်နေ
Donate to DVB

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်စွာပေါ်ပေါက်လာဖို့ ဂျပန်နိုင်ငံက ဘယ်အခန်းကဏ္ဍကနေ ပါဝင်ရမလဲဆိုတာ တွက်ချက်နေပြီလို့ မြန်မာအစိုးရ ထိပ်တန်းအရာရှိကြီးတဦးက ပြောပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံတို့က ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် သုံးပွင့်ဆိုင်တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ဂျပန်နိုင်ငံအနေနဲ့ ဒီစီမံကိန်းမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲဆိုတာ တွက်ချက်နေပြီဖြစ်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

“ဆွေးနွေးတဲ့နေရာမှာ ဂျပန်နိုင်ငံအနေနဲ့ ၀င်မယ်ဆိုရင် ဘယ်လို ပုံစံအနေနဲ့ ၀င်မလဲဆိုတာ သူတို့က တွက်ရချက်ရဦးမယ်လေ။ ဥပမာဆိုရင် ထိုင်းနဲ့ မြန်မာနိုင်ငံနဲ့ ဖွဲ့ထားတဲ့ ကုမ္ပဏီထဲပဲ ၀င်မှာလား။ ဒါမဟုတ်ရင် ဂျပန်ကနေပြီး ချေးငွေ အလုံးအရင်းနဲ့ပေးမှာလား။ ထားဝယ် အထူးစီးပွားရေးဇုန် ပရောဂျက်ကို အောင်မြင်လာနိုင်ဖို့ ဂျပန်ကနေပြီး ဘယ်လိုအခန်းကဏ္ဍ ပါဝင်နိုင်မလဲဆိုတာ သူတို့က တွက်တုန်းချက်တုန်း ရှိသေးတယ်လေ။”
မြန်မာနဲ့ထိုင်း နှစ်နိုင်ငံအစိုးရက တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာ ထားဝယ်ရေနက် ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ဖော်ဆောင်ဖို့အတွက် ၂၀၀၈ ခုနှစ်ကတည်းက သဘောတူညီ ခဲ့တာပါ။

ဒီစီမံကိန်းကိုဖော်ဆောင်ဖို့အတွက် အီတာလျံထိုင်းကုမ္ပဏီကရရှိခဲ့တာဖြစ်ပေမယ့် ငွေကြေးဆိုင်ရာ လုံလောက်မှုမရှိလို့ ဂျပန်က တတိယနိုင်ငံအနေနဲ့ပါဝင်လာဖို့ မြန်မာနဲ့ ထိုင်းအစိုးရတို့ သဘောတူဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို ဖော်ဆောင်ရာမှာတော့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေး ဆိုင်ရာကိစ္စရပ်တွေအပေါ် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေဖို့အတွက် ပြဋ္ဌာန်းထားရှိတဲ့ EIA ရဲ့ ဥပဒေစည်းမျဉ်းတွေအတိုင်း လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“သဘာပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုရာ ကိစ္စရပ်တွေကလည်း နိုင်ငံတကာ စံချိန်စံညွန်းတွေ ကနေ သွေဖည်သွားလို့ မရဘူးလေ။ ကျနော်တို့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်း တွေကလည်း နိုင်ငံတကာနဲ့ လုံးဝဆန့်ကျင်လို့ မရဘူးလေ။ နိုင်ငံတကာကို မှီပြီးဆွဲထားတာပဲပေါ့။ အဲဒီတော့ ပြဿနာရှိမယ်လို့ မထင်ပါဘူး။”

ဒါပေမယ့် တစ်ဖက်ကလည်း ဒီစီမံကိန်းကြောင့် ဒေသခံတွေက သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးထိခိုက်မှုတွေအပေါ် စိုးရိမ်ပူပန်မူတွေရှိနေပါတယ်။
ဆောက်လုပ်ဖို့ စဉ်နေတဲ့ ရေနံဓာတုလုပ်ငန်းနဲ့ ဓာတ်အားပေးစက်ရုံတွေကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုကို ဖြစ်ပေါ်စေမယ်လို့ ထားဝယ်ဒေသခံလူမှုအရပ်ဘက် အဖွဲ့အစည်းဖြစ်တဲ့ ထားဝယ်အမျိုးသမီးသမဂ္ဂက ပြောတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013