
မန္တလေးမှာရှိတဲ့ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ငြိမ်းချမ်းစွာ စုပေါင်းချီတက်နေကြပါတယ်။
ချည်ထိုးဝါသနာရှင်တွေက ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြတာ၊ တိရိစ္ဆာန်ချစ်သူတွေက အိမ်မွေး တိရိစ္ဆာန်တွေနဲ့ ဆန္ဒပြတာတွေလည်းတွေ့ရပါတယ်။
ဒါ့အပြင် ပြင်ပပုဂ္ဂလိက လုပ်ငန်းက လူငယ် အလုပ်သမားတွေ၊ မွတ်စလင် လူငယ်တွေလည်း စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် သီးခြား စစ်ကြောင်းတွေနဲ့ ဆန္ဒပြတောင်းဆိုနေ ကြပါတယ်။
ထူးခြားချက်အနေနဲ့ စစ်တပ်ပိုင် ရုပ်မြင်သံကြား ဖြစ်တဲ့ မြဝတီရုပ်သံနဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြားဖြစ်တဲ့ မြန်မာ့အသံ ရုပ်သံလိုင်းတွေဟာသတင်းတုတွေ ဖြန့်ဝေနေတယ်ဆိုတာကိုပါ ဆိုင်းဘုတ်ကိုင် အသိပေး ဆန္ဒပြကြတာကို တွေ့ရပါတယ်။











