DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေနှင့် အစိုးရ အပစ်ရပ်ရေးအပါအ၀င် အချက် ၅ ချက် ဆွေးနွေး
DVB
·
October 2, 2013
ကေအိုင်အေနှင့် အစိုးရ အပစ်ရပ်ရေးအပါအ၀င် အချက် ၅ ချက် ဆွေးနွေး
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) လုပ်ငန်းအဖွဲ့နဲ့  အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ လုပ်ငန်းအဖွဲ့ဝင်တွေ  ဒီကနေ့ ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားမှာ စတင်တွေ့ဆုံဆွေးနွေးနေပါတယ်။

လာမယ့် ပြည်ထောင်စုအဆင့်အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး  ဆွေးနွေးပွဲတွေ အတွက်  အစိုးရနဲ့ ကေအိုင်အိုအကြား အပစ်အခတ်ရပ်စဲ ရေးလက်မှတ်ထိုးနိုင်အောင် ကြိုတင်ကြိုး ပမ်းတဲ့အနေနဲ့ ကေအိုင်အေ  လုပ်ငန်းအဖွဲ့နဲ့   အစိုးရ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက လုပ်ငန်းအဖွဲ့တွေ ဆွေးနွေးနေကြတာပါ။

ဒီကနေ့ တွေ့ဆုံပွဲမှာ  ပြည်တွင်းကချင် အိုင်ဒီပီ ဒုက္ခသည်ကိစ္စတွေ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့  နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စတဲ့ ကိစ္စတွေအပါအ၀င် အချက် ၅ ချက်ကို အဓိကထား ဆွေးနွေးနေကြတယ်လို့ အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီ လုပ်ငန်း အဖွဲ့ခေါင်းဆောင်  ဦးလှမောင်ရွှေက ပြောပါတယ်။

[caption id="attachment_41813" align="alignright" width="300" caption="အစိုးရနှင့်ကေအိုင်အေ ပြီးခဲ့သည့် မေ ၂၈ ရက်က တွေ့ဆုံဆွေးနွေးစဉ်"][/caption]

“အခုအချိန်ထိ ဆွေးနွေးနေတာတော့ ခေါင်းစဉ် ၅ ခုပေါ့လေ။ ဒါကို နှစ်ဖက်ညှိနှိုင်းလို့ရရင် နှစ်ဖက်ခေါင်းဆောင်တွေကို တင်ပြမယ်ပေါ့။ တစ်ကတော့ နှစ်ဖက်ပစ်ခတ်မှုတွေ၊ နှစ်ကတော့ IDP ကိစ္စတွေ၊ သုံးကတော့ တပ်ပိုင်းဆိုင်ရာကိစ္စတွေ၊ နံပါတ် လေးကတော့ နိုင်ငံရေးကိစ္စများပေါ့၊ နံပါတ်ငါးကတော့ အခြားကိစ္စတွေပေါ့။”

ဆွေးနွေးပွဲကို မနက်ဖြန် ဆက်လက်ကျင်းပဖို့ရှိပြီး ဆွေးနွေးပွဲမှာ သဘောတူညီချက်တော့ မရရှိသေးပါဘူး။ ဒီဆွေးနွေးပွဲအပြီးမှာတော့ လာမယ့် အောက်တိုဘာလ ၈-၉-၁၀ ရက်တွေမှာ ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့ ကေအိုင်အို ခေါင်းဆောင်တွေ   ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပဖို့ အစီအစဉ်ရှိပါတယ်။

ကေအိုင်အေဟာ  ၁၉၉၄ ခုနှစ်မှာ အစိုးရနဲ့အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးခဲ့ပြီး  အစိုးရက ကေအိုင်အေ တပ်တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းရေး ဖိအားအားပေးခဲ့တဲ့အတွက်  ၂၀၁၁ ခုနှစ် ဇွန်လမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

၂၀၁၃  မေလမှာတော့  ကေအိုင်အိုနဲ့  အစိုးရအကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွးနွေးပွဲပြုလုပ်ခဲ့ပြီး နိုင်ငံရေးဆွေးနွေးမှုတွေ ဆက်လုပ်ဖို့၊  နှစ်ဖက်တပ်တွေ ပစ်ခတ်မှု လျှော့ချဖို့၊ နှစ်ဖက် တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းဖို့၊ နှစ်ဖက်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ဖွဲ့ဖို့၊ နေရပ်စွန့်ခွာရွေ့ပြောင်းတဲ့ အိုင်ဒီပီတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ဆောင်ဖို့ စတဲ့ သဘောတူညီချက် ၇ နှစ်ချက်ကို သဘောတူ လက်မှတ် ထိုးခဲ့ကြပါတယ်။

အဲဒီဆွေးပွဲနောက်ပိုင်းမှာလည်း အစိုးရလက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ကချင်လွတ် လပ်ရေး တပ်မတော်အကြား တိုက်ပွဲတွေ ဆက်ဖြစ်ပွားမှု ရှိနေခဲ့တာပါ။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင်ကတော့ ရထားတဲ့သဘောတူညီချက် တွေကို လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ အားနည်းမှုရှိနေတဲ့အကြောင်းနဲ့ နှစ်ဘက်  ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ယုံကြည်မှုရဖို့ အဓိကလိုတယ်လို့ ပြောပါတယ်။

“အဓိက ကတော့ စစ်ရေးပိုင်းဆိုင်ရာ အာမခံချက်တွေ လည်းလိုချင်တယ်။ နိုင်ငံရေးပိုင်းဆိုင်ရာ အာမခံချက်တွေလည်း လိုချင်တဲ့ အပိုင်းရှိပါတယ်။ စစ်ရေးပိုင်းမှာ ဆိုရင်လည်း အပစ်ရပ်အချိန်မှာ အငိုက်တိုက်မှာမျိုးတို့ မယုံဘူးဖြစ်နေတယ်။ ယုံကြည်မှုပေါ့ဗျာ။ ယုံကြည်မှုမှာ ပြောဆိုထားတဲ့ဟာကို သဘောတူထား လက်မှတ်ရေးထိုးထားတဲ့ဟာတွေ ဆွေးနွေးပွဲတိုင်းမှာရှိတယ်။ ဒါပေမယ့် လက်တွေ့ဖော်ဆောင်တဲ့အနေရာမှာ တချို့နေရာတွေမှာ အားနည်းမှုရှိပါတယ်။ အားနည်းတဲ့အခါမှာ မယုံကြည်ဘူး။ အဓိက အစိုးရဘက်ဆိုရင်လည်း အစိုးရတခုတည်း မပြီးဘူးလေ။ တပ်ပိုင်းဆိုင်ရာလည်း အရေးကြီးတယ်။ အကုန်လုံးပါဝင်ဖို့ အရေးကြီးပါတယ်။ ”

ဒီကနေ့  နှစ်ဖက် ငြိမ်းချမ်းရေး လုပ်ငန်းအဖွဲ့တွေ ဆွေးနွေးပွဲမှာ  အစိုးရဘက်က ဦးလှမောင်ရွှေ ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၇ ယောက်နဲ့  ကေအိုင်အိုဘက်ကတော့ ဦးလာအောင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၈ ဦး တက်ရောက်ဆွေး နွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013