DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်း ရွေးကော်ဥက္ကဋ္ဌများနှင့် ဦးစီးမှူးများကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်း
DVB
·
February 11, 2021
ပဲခူးတိုင်း ရွေးကော်ဥက္ကဋ္ဌများနှင့် ဦးစီးမှူးများကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်း
Donate to DVB

ပဲခူးတိုင်းအတွင်းရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ ဦးစီးမှူတွေကို စစ်တပ်က ညသန်းခေါင်ကျော်မှာ လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ကျောက်ကြီးမြို့နယ် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာကျင်မွှေးရဲ့ ဇနီးက "ကျမ ယောက်ျားက ဘယ်ပါတီမှ ဝင်မပါချင်လို့ သမာသမတ်ကျကျ ကော်မရှင်ဥက္ကဋ္ဌ လုပ်တာပါ။ ဒါကို စစ်တပ်က အိမ်မှာ အမြဲရှိနေတဲ့ ဥက္ကဋ္ဌ တွေကို ညသန်းခေါင်ကျော်ကြီး လာခေါ်တာကတော့ အတော်စဥ်းစားစရာပါပဲ။ ပါတီဝင်မဟုတ်တဲ့ ကျမတို့ သာမန်ပြည်သူဝင်တွေအတွက်တော့ စိုးရိမ်စဥ်းစားစရာပဲ” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၄ ရက်ကတည်းက မြို့နယ်ကော်မရှင်ရုံးတွေမှာ စာရွက်စာတမ်းတွေကို တပ်က လာရောက်သိမ်းဆည်း စစ်ဆေးနေတာတွေ ရှိနေပါတယ်။

ဝေါမြို့ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌနဲ့ ဦးစီးမှူးကိုလည်း ညက လာရောက်ခေါ်ယူသွားတယ်လို့ ဝေါ အလွတ်တန်းသတင်းထောက် ဦးမျိုးမြတ်က အတည်ပြုပြောဆိုပါတယ်။

လက်ရှိ မနက် ၇ နာရီအထိ သတင်းတွေအရ မြို့နယ်အလိုက်ကော်မရှင်ရုံးတွေမှာ ဖမ်းစီးခေါ်ဆောင်သွားသူတွေ ရှိနေကြသလို တချို့က ဖုန်းဆကေမရသေးလို့ ဘယ်နေရာမှာ ရှိနေလည်း မသိရသေးဘူးလို့ နီးစပ်သူ မိသားစုဝင်တွေက သိရပါတယ်။

ဒါ့အပြင် ဖြူးမြို့နယ်ကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကိုလည်း အခုလက်ရှိ ဧည်ရိပ်သာမှာ ထားရှိထားတယ်လို့ သိရပါတယ်။ 

ဖြူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက "ညတစ်နာရီလောက်က လာခေါ်တာ လက်ရှိတော့ ဧည်ရိပ်သာမှာပါ။ တောင်ငူခရိုင်ကလည်း ညက လှမ်းပြောတယ်။ တစ်ခရိုင်လုံးပါ” လို့ ပြောပါတယ်။ 

လက်ရှိ မိသားစုကိုပဲ ဆက်သွယ်ရပြီး အခြားမေးမြန်စစ်ဆေးမှုတော့ မပြုလုပ်သေးဘူးလို့ သိရပါတယ်။  

ဗိုလ်သူရိန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013