
စစ်ကိုင်းတိုင်းအတွင်းက နာဂဒေသအပါအဝင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအားလုံးကို မနေ့ည ၁၂ နာရီဝန်းကျင်လောက်က နေအိမ်တွေမှာ လာရောက် စစ်တပ်က ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ခရိုင်ရွေးကေက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေကိုလည်း ခေါ်ဆောင်တယ်လို့ ကိုယ်စားလှယ်အချို့ က ပြောပါတယ်။
အခုလို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေကို ဘာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ္။
ရွှေကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကိုလည်း မနေ့ည ၈ နာရီလောက်မှာ အာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အောင်ကိုလတ်