DVB Logo
Home
မေးမြန်းခန်း
ဆီးဂိမ်းကာလ တည်းခိုနေထိုင်ရေး အဆင်သင့်ဖြစ်ပြီ – မေးမြန်းချက်
DVB
·
October 2, 2013
ဆီးဂိမ်းကာလ တည်းခိုနေထိုင်ရေး အဆင်သင့်ဖြစ်ပြီ – မေးမြန်းချက်
Donate to DVB

ဆီးဂိမ်းပြိုင်ပွဲကာလအတွင်း လူပေါင်း ၁ သောင်း ၂ ထောင်ကျော် တည်းခိုနေထိုင်ဖို့ အ သင့်ပြင်ထားပြီးဖြစ်တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှူး ဦးကောင်းထွဋ်က ပြောပါတယ်။

ဒီဇင်ဘာမှာ ကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲမှာ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနဟာ တည်းခိုနေထိုင်ရေးနဲ့ အစားအသောက်အတွက် တာဝန်ယူ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တည်းခိုနေထိုင်ဖို့နဲ့ စားသောက်ဖို့အတွက် ဘယ်ပုံ၊ ဘယ်နည်း ကြိုတင်ပြင်ဆင်ထားသလဲ ဆိုတာတွေ သိရအောင် ဦးကောင်းထွဋ်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

Sea Game အတွက် အားကစားသမား ၁၀၀၀၀ ကျော်လာမယ်ဆိုတော့ သူတို့အတွက် နေရေး ထိုင်ရေး အဆင်သင့်ဖြစ်နေပါပြီလား ခင်ဗျ။

“နေပြည်တော် အဲဒီကာလမှာ ဟိုတယ်အလုံးပေါင်း ၅၃ လုံး အခန်းပေါင်း ၄၁၄၅ ခန်း ဟိုတယ်ဇုန်မှာပါ။ အားကစားသမားတွေ အဓိကထားမယ့် အဆောင်ဆိုတာ ရှိပါတယ်။ အဆောင်တခုမှာ အဆောက်အဦ ၁၀ လုံးပါပါတယ်။ အဆောက်အဦတလုံးမှာ ယူနစ်အနေနဲ့ ဆိုရင် ၈ ယူနစ်ရှိတယ်။ ၁ ယူနစ်ကို ၆ ဦးမှ ၈ ဦးအထိ တည်းနိုင်ပါတယ်။ အဆောင်တခုမှာ စုစုပေါင်း ၆၄၀ တည်းနိုင်ပါတယ်။ အဆောင် ၁၀ ခုရှိပါတယ်။ အဲဒီ ၁၀ ခုကို သက်ဆိုင်ရာ ၁၀ နိုင်ငံအတွက် လျာထားပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေအတွက် ရုံးခန်းတွေ ဖွင့်ပေးမှာ ဖြစ်သလို ဆပ်ကော်မတီ ၁၄ ခုကလည်း အားကစားရွာမှာ ရုံးထိုင်ဖို့အတွက်ကိုလည်း ရုံးခန်းတွေ ဖွင့်ပေးမှာ ဖြစ်ပါတယ်။
“အလားတူပဲ ရန်ကုန်မှာ အားကစားနည်း ၇ နည်း ရှိပါ့မယ်။ အားကစားနည်း ၇ နည်းမှာ ရန်ကုန်မှာ တည်းဖို့ ဟိုတယ်တွေလည်း စီစဉ်ပြီးပါပြီ။ ဆီဒိုးနား၊ ထရိတ်ဒါး၊ ပတ်ရွိုင်ရယ်မှာလည်း ဖိတ်ကြားခံပုဂ္ဂိုလ်တွေရဲ့ ဒိုင်ဂျူရီတွေကို စီစဉ်ထားတာ ဖြစ်ပါတယ်။ အားကစားအဖွဲ့အတွက် ဟိုတယ် ၇ လုံး စီစဉ်ထားပြီးတော့ လာမယ့် နိုင်ငံတွေရဲ့ မီဒီယာအရာရှိအဖွဲ့ အတွက်လည်း စီစဉ်ထားပါတယ်။ အရန်ဟိုတယ် ၁ လုံး စီစဉ်ထားပါတယ်။ ရန်ကုန်မှာ ဟိုတယ် ၃၃ လုံး အခန်းအနေနဲ့ ၁၀၂၅ ခန်း လျာထားပြီးဖြစ်ပါတယ်။

“မန္တလေးနဲ့ ငွေဆောင်မှာက အားကစားနည်း ၁ နည်းစီပဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။ မန္တလေးမှာက အမျိုးသမီးဘောလုံးပွဲ။ ဟိုတယ် ၁၃ လုံးမှာ တည်းခိုဖို့ လျာထားပါတယ်။ အရန်အနေနဲ့က ၆ လုံး လျာထားပါတယ်။
“ငွေဆောင်မှာ ဟိုတယ် ၃ လုံး လျာထားပါတယ်။ လိုက်ပြီးအားပေးမယ့်အဖွဲ့အတွက် ဟိုတယ် ၅ လုံးမှာ လျာထားပါတယ်။ ဟိုတယ်အနေနဲ့ ၈ လုံးပေါ့။ ရွက်လှေပြိုင်ပွဲအတွက် သုံးဖို့ လျာထားတာ ဖြစ်တယ်။ အခန်းအနေနဲ့ ၇၃ ခန်း လျာထားပြီးတော့ အရန်အနေနဲ့က ၄၉ ခန်းကို လျာထားတာ ဖြစ်ပါတယ်။
“အားလုံးကို ပေါင်းကြည့်လိုက်ရင် ဟိုတယ်တွေမှာချည်းပဲ တည်းခိုနေရာချထားဖို့ အတွက်ကို ၉၅၀၀ ကျော်ကို ဟိုတယ်တွေမှာပဲ လျာထားတာ ဖြစ်ပါတယ်။ နေပြည်တော် အားကစားရွာမှာ ၃၀၀၀ ကျော် အားလုံးစုစုပေါင်း ၁ သောင်း၂ ထောင် ၅ ရာ တည်းခိုချထားရေးအတွက် စီစဉ်ထားပါတယ်။”

နိုင်ငံစုံက လာရောက်မယ့် အားကစားသမားတွေအတွက် စားရေး၊ သောက်ရေးအတွက် ဘယ်လိုများ စီစဉ်ထားပါသလဲ ခင်ဗျ။

“စားရေး၊ သောက်ရေး အတွက်ကို ၂ ပိုင်း ပေါ့လေ။ တပိုင်းက ဟိုတယ်မှာ တည်းခိုတဲ့ သူက ဟိုတယ်ကနေ ကျွေးပါ့မယ်။ အဲဒီအတွက် မီနူးတွေ တောင်းထားပြီးတော့ သူတို့ရဲ့ စားရေးသောက်ရေးအတွက် အခက်အခဲမရှိတောင် လုပ်ပေးထားပါတယ်။ ၂ ချက်ရှိပါတယ်။ ဘာသာရေး ရှောင်ကျဉ်တာနဲ့ ကျန်းမာရေးအရ ကျွေးမွေးမှာ ဖြစ်ပါတယ်။ ကျန်းမာရေးအရ သူတို့လိုအပ်တဲ့ အာဟာရပြည့်ဝမှု နိုင်ငံတွေက ကိုယ်စားပြုတဲ့ စပယ်ရှယ်လစ်တွေကနေပြီး ဆွေးနွေးတဲ့ အနေအထား ပြီးသွားပါပြီ။”

“နောက်တခုက အားကစားရွာမှာ ကျွေးမွေးမယ့်အဖွဲ့ကို မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအဖွဲ့က စုစည်းထားတာ ဖြစ်ပါတယ်။ အားကစားရွာမှာ ကျွေးမွေးမယ့် မီနူးကို ပညာရှင်အဖွဲ့တွေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဆောင်ရွက်နေတဲ့ကိစ္စကို ကျန်းမာရေး ဆပ်ကော်မတီလည်း အသိပေးထားပါတယ်။”

ဟိုတလောက စင်ကာပူက ကလေးတွေ လမ်းဘေးစာတွေစားပြီး ဆေးရုံရောက်သွားပါတယ်။ အဲဒီလို မဖြစ်အောင် ဘယ်လို စီစဉ်ထားလဲဗျ။

“အားကစားရွာတွေမှာ စားသောက်ဆိုင်တွေ ဖွင့်ဖို့ အားကစားဝန်ကြီးဌာနတွေက စီစဉ်နေ တယ်။
အဲဒီလိုဖွင့်ဖို့အတွက် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ကျန်းမာရေး အရ အစစ်အဆေးခံမယ့်အဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးတော့ ဆိုရှယ်ဇုန်တွေမှာ အစားအစာဆိုင်တွေ ဖွင့်လှစ်ဖို့အတွက်ကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013