DVB Logo
Home
မြန်မာသတင်း
တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ခေါ်ယူကျင်းပ
DVB
·
February 10, 2021
တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ခေါ်ယူကျင်းပ
Donate to DVB

တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို  ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်ဒီပါတီကိုယ်စားလှယ်တွေနဲ့ အနိုင်ရ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်တွေ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၉ ရက်နေ့က ခေါ်ယူခဲ့ပါတယ်။ 

လွှတ်တော်အစည်းအဝေးကို အန်အယ်ဒီပါတီကိုယ်စားလှယ် ၉ ဦးနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP ကိုယ်စားလှယ် ၃ ဦး စုစုပေါင်း  ၁၁ ဦးတို့က တက်ရောက်ခဲ့ပါတယ်။ 

ဖရူဆိုမြို့နယ်အမှတ် ၁မှာ အနိုင်ရခဲ့တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်ဦးသဲရယ်က “ ကျနော်တို့ လွှတ်တော်ရုံးမှာမဟုတ်ဘဲနဲ့ တခြား တနေရာမှာ လူတွေ့ပြီးတော့ ကျနော်တို့ နည်းဥပဒေအရ ကျနော်တို့ ဆောင်ရွက်ထားတဲ့ ကိစ္စဖြစ်တယ်။ ကျနော်တို့မနေ့က ၉ ရက်နေ့မှာပဲ ကျနော်တို့ ကိုယ်စားလှယ်တချို့တွေနဲ့ ကျနော်တို့တွေ့ပြီးတော့ ခေါ်လိုက်တာပေါ့နော်။ ဘာမှထူးထူးထွေထွေ ဆောင်ရွက်တာတော့မရှိဘူး။ ဒါပေမဲ့ အစည်းအဝေးအထမြောက်တဲ့ အစီအစဉ်ပဲ ကျနော်တို့ လုပ်ထားတာရှိပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်ကတိသစ္စာပြုတာတွေကို လုပ်ဆောင်တာရှိပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လုပ်ဆောင်တာဟုတ်ဘဲ တခြားနည်းလမ်းနဲ့ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ 

“အဲဒါတွေတော့ ကျနော်တို့လုပ်ထားတာတွေရှိတယ်။ ဒါပေမဲ့ ကျနော်တို့ လက်ရှိ ၂၀၀၈ အောက်ကဟာနဲ့ ကျနော်တို့ မယူဘဲနဲ့ တခြားနည်းလမ်းနဲ့ ကျနော်တို့ ကိုယ်ဟာကိုယ် လုပ်နေတဲ့အနေအထားမျိုးပဲ ရှိပါတယ်။ နောက်ပိုင်းကျလို့ရှိရင်တော့ ကျနော်တို့ဘာလုပ်မလဲဆိုတာ ဆင်စဉ်းစားရမှာပေါ့နော်။ ”

ပုံမှန်အနေအထားအရ ကယားပြည်နယ်လွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၅ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၅ ဦးပေါင်း ၂၀ ဦးရှိပြီး အခု ကိုယ်စားလှယ် ၁၁ ဦး တက်ရောက်ခဲ့တဲ့အတွက် အစည်းအဝေး အထမြောက်ကြောင်း အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013