DVB Logo
Home
မြန်မာသတင်း
သံတွဲပ​ဋိ​ပက္ခ​ကြောင့် ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
DVB
·
October 2, 2013
သံတွဲပ​ဋိ​ပက္ခ​ကြောင့် ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
Donate to DVB

သံတွဲမြို့နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ကျေးရွာအုပ်စုတွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မီးရှို့မှုတွေကြောင့် လူ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားတယ်လို့ သံတွဲခရိုင် ရဲမှူးက အတည်ပြု ပြောဆိုပါတယ်။

"ဒဏ်ရာတာကတော့ လင်းသီရွာမှာ အစ္စလာဘာသာဝင်တွေက ဓားနဲ့ ခုတ်တဲ့အတွက်  ၄ ဦး ဒဏ်ရာရတယ်။ သေဆုံးတာကတော့ သပြုချိုင်တောင်ပေါ်ရွာမှာ ဒေါ်အေးကြည် ဆုံးတယ်လို့ အတည်ပြုပြီးပါပြီခင်ဗျ။ နောက်ထက် စိစစ်ဆဲပါခင်ဗျ။"

သံတွဲမြို့ ရွှေလှေကျေးရွာအုပ်စု သပြုချိုင် ကျေးရွာအုပ်ချုပ်ရေးမှူးကတော့ အကြမ်းဖက် မီးရှို့မှုကြောင့် သပြုချိုင် ကျေးရွာအုပ်စုနဲ့ အနီးအနားက ကျေးရွာတွေမှာ စုစုပေါင်း နေအိမ် ၅၅ လုံး မီးလောင်ကျွမ်းသွားတယ်လို့ ပြောပါတယ်။

“တောင်ပေါ်သပြုချိုင်ရွာမှာ ရခိုင်ဗုဒ္ဓဘာသာဝင်အိမ်က ၁၂ အိမ်၊ ၄၂ အိမ်က ကမန်တွေရဲ့အိမ်၊ ဘာသာရေးစာသင်ကျောင်း တခုနဲ့ ဗလီဆရာရဲ့ အိမ်ပါတယ်။ အကုန်လုံး တွက်လိုက်တော့ ၅၅ အိမ်။”

သပြုချိုင်ကျေးရွာဟာ အရှေ့သပြုချိုင်၊ အောက်သပြုချိုင်နဲ့ တောင်ပေါ်သပြုချိုင် သုံးရွာကို ပေါင်းထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ ဦးဝင်းမြိုင်ကတော့ ပဋိပက္ခဖြစ်ပွားတဲ့ ၃ ရက်အတွင်း စုစုပေါင်း အိမ်ခြေ ၅၉ လုံး မီးလောင်ကျွမ်းသွားပြီး ၁ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရတယ်လို့ ပြောပါတယ်။

နေအိမ်မီးလောင်သွားတဲ့ ဒုက္ခသည်တွေအတွက် တာဝန်ရှိသူတွေက ရွှေလှေကျေးရွာအုပ်စု သဲဖြူရွာမှာ စခန်းဖွင့်လှစ်ပေးထားပြီး ကူညီထောက်ပံ့မှုတွေ ပေးနေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့တုန်းက သုံးဘီးဆိုင်ကယ်တစီးက ငပလီစက်ပစ္စည်းအရောင်းဆိုင်ရှေ့မှာ ရပ်ရာကနေအစပြုပြီး သုံးရက်ဆက် အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ပွားခဲ့တာပါ။

အခုအခါ သံတွဲမြို့မှာ တည်ငြိမ်နေပြီဖြစ်ပြီး အရင်က ည ၉ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ထားရာကနေ ည ၆ နာရီကနေ မနက် ၆ နာရီအထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/Than Dawe /]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013