DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားမြို့က ဆန္ဒပြပွဲတွင် နိုင်ငံ့ဝန်ထမ်းများပါဝင်လာ
DVB
·
February 10, 2021
မြစ်ကြီးနားမြို့က ဆန္ဒပြပွဲတွင် နိုင်ငံ့ဝန်ထမ်းများပါဝင်လာ
1 / 3
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်အာဏာသိမ်းတာကို ကန့်ကွတ်တဲ့အနေနဲ့ တတိယမြောက်နေ့အဖြစ်  ဖေဖော်ဝါရီ ၁၀ ရက်ကစပြီး ဆန္ဒထုတ်ဖေါ်ခဲ့ရာမှာ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက ဝန်ထမ်းတချို့  ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ကြတယ်။

လူငါးယောက်ထက်ပို မစုဝေးဖို့နဲ့ ည၈နာရီကနေ မနက်၄နာရီအတွင်း အပြင်မထွက်ဖို့ ပုဒ် ၁၄၄၄ ထုတ်ပြန်ကြောင်း စစ်အစိုးရက လိုက်လံကြေညာခဲ့ပါတယ်။

ဒါပေမဲ့  ဒီနေ့မှာ ဆရာဝန်တွေ၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းတွေ၊  တက္ကသိုလ် ဆရာ ဆရာမတွေ၊ ပညာရေး ဝန်ထမ်းတွေ၊ သစ်တောဝန်ထမ်း၊ မြန်မာ့ မီးရထားဝန်ထမ်းတွေ၊ ရှေ့နေတွေ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေပါ ပြည်သူလူထုနဲ့ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။    

အာဏာသိမ်းမှုကန့်ကွက်ဆန္ဒပြသူတွေဟာ မြစ်ကြီနားဘူတာရှေ့မှ စတင်ချီတက်ခဲ့ပြီး   မြို့တော်ခန်းမရှေ့မှာ ထိုင်သပိတ် ဆင်နွှဲခဲ့ကာ  ဆမားလမ်းနဲ့ ဆွမ်ပရာဘွမ်လမ်းထောင့် အထက ၁ ရှေ့မှာ  ဆန္ဒဖော်ထုတ်မှုကို နေ့လယ် ၁၂နာရီထိပြုလုပ် ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013