DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်အာဏာသိမ်းမှု နိုင်ငံတကာဥပဒေတွေကိုပါ ချိုးဖောက်မှုဖြစ်ဟု ICJ ပြော
DVB
·
February 10, 2021
မြန်မာစစ်တပ်အာဏာသိမ်းမှု နိုင်ငံတကာဥပဒေတွေကိုပါ ချိုးဖောက်မှုဖြစ်ဟု ICJ ပြော
Donate to DVB

မြန်မာစစ်တပ်ရဲ့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုဟာ ပြည်တွင်းအခြေခံဥပဒေနဲ့ မကိုက်ညီဘဲ တရားဥပဒေစိုးမိုးမှုနဲ့ နိုင်ငံတကာဥပဒေတွေကိုပါ ချိုးဖောက်တယ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် ICJ က ဖေဖော်ဝါရီ ၈ ရက်မှာ ပြောလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့လုပ်ရပ်ဟာ သူတို့ကိုယ်တိုင် ၂၀၀၈ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ အပြစ်အနာအဆာတွေနဲ့ အခြေခံဥပဒေကိုတောင် ချိုးဖောက်ထားတယ်လို့ ICJ ရဲ့ အတွင်းရေးမှူးချုပ် ဆမ်ဇာရီဖီက ပြောပါတယ်။

လတ်တလော ရွေးကောက်ပွဲမှာ မြန်မာစစ်တပ် စွပ်စွဲထားတဲ့ မဲမသမာမှု ဆိုတာတွေဟာ အရေးပေါ်အခြေအနေ ကြေညာရမယ့်အချက်တွေနဲ့ မကိုက်ညီဘဲ နိုင်ငံအတွင်း နဂိုက အားနည်းနေတဲ့ တရားဥပဒေစိုးမိုးရေးကို ကစဉ့်ကလျား ဖြစ်စေတယ်လို့လည်း ICJ က ပြောပါတယ်။

ဖွဲ့စည်းပုံ ပုဒ်မ  ၄၁၇ မှာ တိုင်းပြည်ရဲ့ အချုပ်အခြာအတွက် ဘေးရှိချိန်မှာ သမ္မတက အရေးပေါ် အခြေအနေ ကြေညာဖို့ လိုတယ်လို့ အခြေခံဥပဒေက ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၄၁၈ မှာတော့ သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအားလုံး လွှဲပေးဖို့ လိုပါတယ်။

အခုတော့ စစ်တပ်က သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးပြီးမှ ဒုသမ္မတက အရေးပေါ် အခြေအနေ ကြေညာခဲ့တာလို့ ICJ က သတင်းထုတ်ပြန်ပါတယ်။ အရပ်ဘက် အာဏာပိုင်တွေကို စစ်တပ်က တာဝန်ခံရတာဟာ ဥပဒေရဲ့ အခြေခံစည်းမျဉ်းပဲ။ မြန်မာစစ်ခေါင်းဆောင်တွေဟာ ဒီစဉ်းမျဉ်းကို အကြွင်းမဲ့အာဏာ အဓမ္မသိမ်းယူခြင်းဖြင့် ပြောင်းပစ်ခဲ့တယ်လို့ ICJ အတွင်းရေးမှူးချုပ် ဆမ်ဇာရီဖီက ဆက်ပြောပါတယ်။

အရေးပေါ်အခြေအနေ ကြေညာပြီးတဲ့နောက်မှာ တရားရေးသုံးသပ်ချက်အရ အခြေအမြစ်မရှိဘဲ ထင်တိုင်းကြဲ မတရားဖမ်းဆီးခြင်းဟာ စစ်တပ်က လုံးဝ အရေးယူမခံရလုနီးပါး ဖြစ်မှာကို ICJ က စိုးရိမ်တယ်လို့ ပြောပါတယ်။

အာဏာသိမ်းမှုအပြီးမှာ သူတို့အခွင့်အရေးကို တောင်းဆိုဖို့ ငြိမ်းချမ်းတဲ့နည်းကို သုံးဖို့ ကြိုးစားတဲ့ ရဲရင့်တဲ့ ရှေ့နေတွေနဲ့ အရပ်ဘက် တက်ကြွ လှုပ်ရှားသူတွေကို အခု မြင်နေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီလှုပ်ရှားမှုဟာ အထင်ကရပုဂ္ဂိုလ်တဦး ဒါမှမဟုတ် ပါတီတခုကိုတောင်မှ အာရုံစိုက်မထားတဲ့အကြောင်းနဲ့ မြန်မာပြည်သူတွေဟာ သူတို့အနာဂတ်ကို ဆုံးဖြတ်ဖို့ သူတို့ကိုယ်တိုင် အစိုးရနိုင်စွမ်းရှိသင့်တယ်ဆိုတာ နားလည်သဘောပေါက်သင့်တယ်လို့ ဇာရီဖီက ဆက်ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013