DVB Logo
Home
မြန်မာသတင်း
သမ္မတ၏ မီဒီယာလွတ်လပ်ခွင့်ပြောဆိုမှု စာနယ်ဇင်းသမားများ ပယ်ချ
DVB
·
October 1, 2013
သမ္မတ၏ မီဒီယာလွတ်လပ်ခွင့်ပြောဆိုမှု စာနယ်ဇင်းသမားများ ပယ်ချ
Donate to DVB

မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်က အရှေ့တောင်အာရှနိုင်ငံ အတော်များများထက် ရှေ့ရောက်နိုင်အောင် အစိုးရပိုင်းက ဖော်ဆောင်ပေးခဲ့ပါတယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ပြောကြားချက်ကို ပြည်တွင်း သတင်းစာဆရာအများစုက ပယ်ချခဲ့ကြပြီး ပုဂ္ဂလိက သတင်းစာတွေ မီဒီယာလွတ်လပ်ခွင့် မရသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။

[caption id="attachment_39191" align="alignleft" width="300" caption="ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)"][/caption]တကယ့်လက်တွေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စွက်ဖက်မှုတွေ ရှိနေသေးတယ်လို့ ပုဂ္ဂလိကသတင်းစာတချို့ရဲ့ သတင်းစာဆရာတွေက သုံးသပ်ကြပါတယ်။
သမ္မတက မြန်မာမီဒီယာတွေ လွတ်လပ်မှု ပိုတိုးတက်လာတယ်ဆိုတဲ့ ပြောကြားချက်ကို မထောက်ခံကြပေမယ့် မီဒီယာတွေဘက်က ကျင့်ဝတ်နဲ့မညီတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက် တာတွေကို မပြုလုပ်ဖို့ဆိုတဲ့ ပြောကြားချက်ကိုတော့ သတင်းစာဆရာတွေက သဘောတူ ကြပါတယ်။

The Voice Daily နေ့စဉ်သတင်းစာက အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက “နိုင်ငံတော်က ထုတ်ပြန်တဲ့ သတင်းအရင်းအမြစ်တွေအားလုံးက ပြန်ကြားရေးဝန်ကြီး ဌာနက အရင်ရပြီး နိုင်ငံပိုင် သတင်းစာတွေမှာပဲ ပါတယ်ဆိုတာ သိပ်ပြီး မမျှတဘူး။ ပုဂ္ဂလိက မီဒီယာတွေ ရှင်သန်မှ သတင်းလွတ်လပ်ခွင့်ဆိုတာ ရှိမယ်။ ပုဂ္ဂလိက မီဒီယာတွေက ကိုယ့် ထမင်းကိုယ်စားပြီး ကိုယ့်ချွေးနည်းစာနဲ့ ရပ်တည်နေချိန်၊ နိုင်ငံတော် မီဒီယာတွေက နိုင်ငံတော်ဘဏ္ဍာ၊ ပြည်သူ့ဘဏ္ဍာသုံးပြီး လုပ်နေကြတယ်ဆိုတော့ ဒီကိစ္စက အန်မတန်မမျှတတဲ့ ကိစ္စကြီး ပါ။ အဲဒါကို သမ္မတကြီးက ဘာလို့ ဒီလိုပြောလည်းတော့ မသိဘူး။ ရေးကြသားကြဖို့ဆိုတာကတော့ သမ္မတကြီး ပြောတာ မှန်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အစိုးရဝန်ကြီးဌာနအများစုရဲ့ မီဒီယာအပေါ် ဆက်ဆံမှုအပိုင်းဟာလည်း အရင်စစ်အစိုးရ လက်ထက်တည်းက ကျင့်သုံးခဲ့တဲ့ လမ်းကြောင်းကနေ မပြောင်းလဲနိုင်သေးတဲ့ အချက်ဟာလည်း ပုဂ္ဂလိကသတင်းစာတွေရဲ့ မီဒီယာလွတ်လပ်ခွင့် သွားနေတဲ့လမ်းကြောင်းကို အဟန့်အတားဖြစ်စေတုန်းပဲလို့ ဦးကျော်မင်းဆွေက ပြောပါတယ်။

အောက်တိုဘာလထဲမှာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ရေးဆွဲထားတဲ့ မီဒီယာဥပဒေကြမ်းကို အစိုးရက ဘယ်လိုတည်းဖြတ်မလဲ၊ ဘယ်လိုအတည်ပြုမလဲဆိုတာကို စောင့်ကြည့်ပြီးရင် မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်ကို နိုင်ငံတကာက သိနိုင်ပါမယ်လို့ စာနယ်ဇင်းကောင်စီက တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးဇော်သက်ထွေးက ပြောပါတယ်။

“မီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းက အရှေ့တောင်အာရှ နိုင်ငံတွေ ဖြစ်တဲ့ ထိုင်းတို့ ကမ္ဘောဒီးယားတို့ ဖိလစ်ပိုင်တို့ထက် နိမ့်ကျနေတုန်းပါ။ အစိုးရကကော၊ လွှတ်တော်ကကော မီဒီယာလွတ်လပ်ခွင့်အတွက် စိတ်အားထက်သန်စွာနဲ့ ပူးပေါင်းပါဝင်မှုမရှိဘူးဆိုတာ အကဲခတ်လို့ ရပါတယ်။
ဒီလိုအချိန်မျိုးမှာ မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ မီဒီယာလွတ်လပ်ခွင့်အတော် ရနေပြီလို့ပြောဆိုတဲ့ အချက်အပေါ်မှာ ကျနော့်အနေနဲ့ သဘောတူလို့မရပါဘူး။”

အစိုးရက မီဒီယာလွတ်လပ်ခွင့်ကို ဆောင်ရွက်ပေးထားတယ်ဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ ပုဂ္ဂလိကသတင်းစာတွေအနေနဲ့ နိုင်ငံပိုင်သတင်းစာတွေရဲ့ ဌာနဆိုင်ရာ သတင်းရရှိမှုပိုင်းကိုတောင် ယှဉ်ပြိုင်နိုင်ခြင်းမရှိသေးဘူးလို့ သတင်းစာဆရာအများစုက ဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013