DVB Logo
Home
မြန်မာသတင်း
ရှစ်အိမ်တန်း ရွာလုံးကျွတ် ရေတိုက်စားခံရသဖြင့် အကူညီလိုအပ်
DVB
·
October 1, 2013
ရှစ်အိမ်တန်း ရွာလုံးကျွတ် ရေတိုက်စားခံရသဖြင့် အကူညီလိုအပ်
Donate to DVB

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရှစ်အိမ်တန်းကျေးရွာမှာ ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုပြီး တရွာလုံးနီးပါ ပြောင်းရွှေ့နေရတဲ့အတွက် နေရေးထိုင်ရေး အကူအညီ လိုအပ်နေပါတယ်။

ရေစကြိုမြို့နဲ့ ၂ မိုင်လောက်ဝေးတဲ့ ရှစ်အိမ်တန်းကျေးရွာမှာ နေအိမ်ပေါင်း ၁၇၀ ရှိပြီး ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုတဲ့အတွက် အိမ်ခြေ ၁၃၂ ပြောင်းရွှေ့နေရတယ်လို့ ကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးခေမိန္ဒက မိန့်ပါတယ်။

[caption id="attachment_44167" align="alignleft" width="300" caption="ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတခုတွင် ကမ်းပါးပြိုကျနေစဉ်"][/caption]“ဘုန်းကြီးကျောင်းကတော့ မရွှေ့ရသေးဘူး။ သိမ်ကျောင်းနဲ့ ဓမ္မာရုံကြီးတော့ ရွှေ့ရတော့မယ် ဓမ္မာရုံကြီးက ပေ ၃၀ ဆယ်လောက်ပဲကျန်တယ်။ သိမ်ကျောင်းက ၅၀ -၆၀ လောက်ပဲ ကျန်တော့တယ်။ တရွာလုံးဆိုရင် အိမ်ခြေအတိုင်းအတာက ၁၇၀ လောက်ရှိတယ်။ အဓိက ဦးဇင်းတို့ ဆီကလိုအပ်နေတဲ့တာက… ရွာမြေနေရာပေါ့။ အဲဒီနောက်မှ စားဝတ်နေရေးပေါ့။ ”

ဒီရွာမှာ ပြီးခဲ့တဲ့နှစ်ကစပြီး ကမ်းပါးပြိုမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အိမ်ခြေ ၉၅ လုံး ပြောင်းရွေ့ခဲ့ရပါတယ်။ ဒီနှစ်မှာတော့ ဇွန်လကနေ အချိန်ထိ ကမ်းပါးပြိုမှု ဆက်ဖြစ်နေတာလို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့အပတ်ကလည်း ချင်းတွင်းမြစ်ရေတက်မှုကြောင့် တရွာလုံး ရေလွှမ်းမိုးမှုဖြစ်ခဲ့ပြီး တိရစ္ဆာန်တချို့ ရေတဲ့မျောပါသေဆုံးပြီး စိုက်ပျိုးခါစ ဆောင်းကြက်သွန် ခင်းတွေလည်း ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေကြီးပြီး ကမ်းပါးပြိုမှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကို အကူအညီ တောင်းဆိုထားပြီး အခုချိန်ထိ မရောက်သေးဘူးလို့ ပြောပါတယ်။

ကမ်းပါးပြိုလို့ အိမ်ပြောင်းရတဲ့ ရွာသားတွေအနေနဲ့ကတော့ ညောင်တုန်းကျေးရွာအုပ်စုက တခြားရွာတွေဆီ သွားပြီး အခကြေးငွေပေး နေထိုင်ကြရ ပါတယ်။

အလားတူ ရေစကြိုမြို့နယ်ထဲက ငမြာကြီးရွာမှာလည်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုပြီး အိမ်နေရာ ရွှေ့ပြောင်းခဲ့ကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013