DVB Logo
Home
မြန်မာသတင်း
မိုဘိုင်းဖုန်း ငွေဖြည့်ကတ် လုပ်ငန်း တင်ဒါခေါ်
DVB
·
October 1, 2013
မိုဘိုင်းဖုန်း ငွေဖြည့်ကတ် လုပ်ငန်း တင်ဒါခေါ်
Donate to DVB

လစဉ် ကျပ်ငွေ ဘီလီယံနဲ့ချီ အရောင်းပမာဏ ရှိတဲ့ မိုဘိုင်းဖုန်း ငွေဖြည့်ကတ် Prepaid Card ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းအတွက် လုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေကို တင်ဒါခေါ်ထားတယ်လို့ မြန်မာ့ဆက်သွယ်ရေး ရဲ့ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

[caption id="attachment_44153" align="alignleft" width="300" caption="ဓာတ်ပုံ - delcampe.net"][/caption]လက်ရှိ ငွေဖြည့်ကဒ်တွေကို Elite tech, Global Technology, တာမိုးညဲချမ်းသာ၊ အေးရှားမီဂါလင့်ခ်၊ ရတနာပုံ စတဲ့ ကုမ္ပဏီ ၅ ခုက ဂျီအက်စ်အမ်၊ စီဒီအမ်အေ ၄၅၀ မဂ္ဂါဟပ်စ် နဲ့ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟပ်စ် ဖုန်းတွေအတွက် ၅၀၀၀ ကျပ်တန်၊ ကျပ် ၁၀၀၀၀ တန် နဲ့ ကျပ် ၂၀၀၀၀ တန် ငွေဖြည့်ကဒ်တွေ ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချရတဲ့ လုပ်ငန်းလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြန်မာ့ဆက်သွယ်ရေးဟာ အဲဒီ ငွေဖြည့်ကတ် ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချတဲ့ ကုမ္ပဏီတွေ အနေနဲ့ ဈေးတွေ သတ်မှတ်နှုန်းထားအောက် အပြိုင်လျှော့ပြီး မရောင်းဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013