DVB Logo
Home
မြန်မာသတင်း
အမျိုးသားအဆင့် ငြိမ်းချမ်းရေး ညီလာခံ ကျင်းပမည်ဟု သမ္မတပြော
DVB
·
October 1, 2013
အမျိုးသားအဆင့် ငြိမ်းချမ်းရေး ညီလာခံ ကျင်းပမည်ဟု သမ္မတပြော
Donate to DVB

တပြည်လုံး အတိုင်းအတာ လွှမ်းခြုံနိုင်တဲ့ အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံတရပ် ကျင်းပနိုင်ဖို့ ဦးတည်ချက်ထား လုပ်ဆောင်သွားမယ်လို့ သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

လစဉ်ပြည်သူတွေကို ပြောကြားနေတဲ့ ရေဒီယိုမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုခိုင်မာလာစေဖို့အတွက် တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်သွားမယ်လို့လည်း မိန့်ခွန်းမှာ ပါရှိပါတယ်။

အခုလိုရေးထိုးတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အပစ်အခတ်ရပ်စဲရေး တခုတည်းနဲ့ ရပ်တန့်ဖို့ ကြိုးပမ်းတာ မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လိုလားချက်ဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အခြေခံဇစ်မြစ်ကနေ ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ အစပြုနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ကေအိုင်အိုခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာက ကြိုဆိုလိုက်ပြီး ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာမှာ ဒီလို ညီလာခံမျိုးလိုအပ်တယ်လို့ ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကတော့ တပြည်လုံး အပစ် အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးမှ တိုက်ပွဲတွေပြန်ဆက်ဖြစ်နေဦးမယ်ဆိုရင် နောက်နောင် ငြိမ်းချမ်းရေးစကားဝိုင်းကို တိုင်းရင်းသားတွေ ပြန်မလာတော့မှာ စိုးရိမ်မိတယ်လို့ ပြောပါတယ်။

ကရင်ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌ စောစေးဝါးကတော့ နိုင်ငံရေးဆွေးနွေးပွဲလုပ်နိုင်ဖို့ ငြိမ်းချမ်းရေးညီလာခံလုပ်မှ အဖွဲ့အားလုံး ပါဝင်နိုင်မှာဖြစ်ပေမယ့် ဒါဟာ အချိန်ပေး လုပ်ဆောင်ရမယ့်အရာ ဖြစ်တယ်လို့ ပြောပါတယ်။
သမ္မတရဲ့ မိန့်ခွန်းမှာ နိုင်ငံရေးအဆင့်ဆွေးနွေးပွဲတွေ၊ အမျိုးသားအဆင့် ညီလာခံ ကျင်းပရတာနဲ့ ပတ်သက်ပြီး အချိန်ကာလ သတ်မှတ်ထားရှိမယ်၊ ကိုယ်စားလှယ်တွေ ဘယ်လို ရွေးချယ်မယ်၊ ဘယ်လိုကိစ္စရပ်တွေကို ဆွေးနွေးမယ်ဆိုတဲ့ လုပ်ငန်းအဆင့်ဆင့်ကို ဆွေးနွေး ညှိနှိုင်းမှုအပေါ် အခြေခံပြီး ပြည်သူတွေကို ချပြသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သမ္မတက   လိုအပ်ချက်နဲ့ အခက်အခဲပေါင်းများစွာ ရှိနေတဲ့ကြားက ငြိမ်းချမ်းငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်အတွက် ကြိုပမ်းခဲ့ကြတဲ့ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးရဲ့ ခေါင်းဆောင်တွေ၊ တပ်မတော်ကိုယ်စားလှယ်တွေနဲ့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကိုလည်း  ချီးကျူးဂုဏ်ပြုရမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013