မသန်စွမ်းသူများ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တိုက်ပွဲစတင်
DVB
·
February 9, 2021

1 / 8
စစ်အာဏာရှင် ဆန့်ကျင်ရေး ဒီနေ့မနက် ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းက သမိုင်းလမ်းဆုံမှာ လူစုပြီး စတင်ပါဝင်လာကြပါတယ်။
ဒီမိုကရေစီအရေးအတွက် မသန်စွမ်းသူတွေ စုစည်းအားဖြည့်တာလို့ အမြင်အာရုံချို့တဲ့သူ ကိုဇော်လင်းထွန်းက ပြောပါတယ်။
စစ်အာဏာရှင်က ပုဒ်မ ၁၄၄ ထုတ်ထားပေမယ့် မသန်စွမ်းသူတွေက မူလအစီအစဥ်အတိုင်း ဆန္ဒပြခဲ့ကြတာဖြစ်ပြီး မရမ်းကုန်းမြို့နယ်က ပညာရေးဝန်ထမ်းတွေကလည်း မသန်စွမ်းတွေနဲ့ပူးပေါင်းပြီး သပိတ်မှာပါဝင်ခဲ့ပါတယ်။
သတင်း ဓာတ်ပုံ ဇေယျာချမ်းအေး/ နေလင်းအောင်

















